ပရိသတ်တွေ ရွေးချယ်နိုင်အောင် စီစဥ်ထားတာပါ။

လာရောက်လျှောက်ထားတဲ့ ရွှေကြိုမောင်မယ်အယောက် (၆၀၀)ကျော်ထဲမှ အကဲဖြတ်ဒိုင်များကေ သချာစိစစ်ရွေးချယ်ပြီး ဆီမီးဖိုင်နယ်ရောက်ရှိသွားတဲ့ မောင်မယ်များကို ပရိသတ်များက Voting စနစ်နဲ့ ရွေးချယ်ရမှာပါ။

၂၀၁၉ခုနှစ်အတွက် ပေးအပ်မယ့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲမှာ ပါဝင်မယ့် ရွှေကြိုမောင်မယ်များကို ပရိသတ်များရဲ့ အကြိုက်နှင့် ထပ်တူ ကျစေဖို့ Voting စနစ်ဖြင့် ရွေးချယ်နိုင်အောင် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ယခုနှစ် ရွှေကြိုရွေးချယ်ပွဲမှာ အနုပညာရှင်တွေသာမက ပရိသတ်တွေပါ ပါဝင်နိုင်အောင်လို့ ပြုလုပ်ထားပြီး ခေါင်းစဉ်ကိုလည်း “ပြည်သူရွေးချယ်ရွှေကြိုမောင်မယ်” ဆိုပြီး ပေးထားတာလည်း တွေ့ရပါတယ်။ မြန်မာ့ရုပ်ရှင်နှစ်(၁၀၀) ပြည့်အထိမ်းအမှတ် အဖြစ် ပြုလုပ်တဲ့ ရွှေကြိုရွှေးချယ်ပွဲကြီးလည်း ဖြစ်ပါတယ်။

 “ကျွန်တော်တို့ ရည်ရွယ်ချက်လေးခုနဲ့ စဉ်းစားပြီးလုပ်ခဲ့တာပါ။အရင်နှစ်တွေက ရွှေကြိုပြီးသွားရင် ပြီးသွားရော။အဲဒီလိုနဲ့ ပျောက်သွားတဲ့ကလေးတွေ ရှိတယ်။ ဒီနှစ်ကိုတော့ အဲဒီလိုမဖြစ်စေချင်ဘူး။ မျိုးဆက်သစ်လေးတွေကို ရွှေကြိုကနေ ဖော်ထုတ်သွားစေချင်တာ။ အရင်က အနုပညာရှင်တွေက မျိုးဆက်သစ်တွေကို ထည့်တယ်။ အပြင်ကနေ မခေါ်ဘူး။ အဲ့တော့ ရွှေကြိုလုပ်ရင် ပရိသတ်တွေက သူတို့နဲ့ မဆိုင်ဘူးဆိုတဲ့ ခံစားချက်လေးတွေ ဖြစ်ကြတယ်။ အဲဒီအတွက် ပရိသတ်တွေကိုယ်တိုင်ပါ ဝင်ခွင့်ရမယ့် ရွှေကြိုရွေးချယ်ပွဲကို လုပ်ခဲ့တာပါ။ ပရိသတ်တွေကိုယ်တိုင်ပါဝင်ခွင့်ရအောင် Voting စနစ်နဲ့ မဲပေးမယ့် အစဉ်လုပ်ထားတာပါ” လို့ ဇန်နဝါရီ(၁၉) ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒါရိုက်တာ မောင်မျိုးမင်းက ဆိုပါတယ်။

လာရောက်လျှောက်ထားတဲ့ ရွှေကြိုမောင်မယ်အယောက် (၆၀၀)ကျော် (၇၀၀)ထဲကမှ အကဲဖြတ်ဒိုင်များ သချာစိစစ်ရွေးချယ်ပြီး ဆီမီးဖိုင်နယ်ရောက်ရှိသွားတဲ့ ပြိုင်ပွဲဝင်များကို ပရိသတ်များက Voting စနစ်နဲ့ ရွေးချယ်ရမှာပါ။ Voting စနစ်များနဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကိုလည်း ရုပ်ရှင်အစည်းအရုံးဘက်က ထပ်မံ ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။

ယခင်နှစ်က ရွှေကြိုမောင်မယ်များ

ရွှေကြိုဖောင်များကို ဇန်နဝါရီ(၂၇) ရက်နေ့တွင် ပိတ်မှာ ဖြစ်ပြီး လူတွေ့စစ်ဆေးခြင်းကို ဇန်နဝါရီ(၂၇၊၂၈) ရက်နေ့များတွင် ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။ ပြိုင်ပွဲပြုလုပ်နေစဉ် နယ်ဝေးမှ လာရောက်လျှောက်ထားမယ့် ပြိုင်ပွဲဝင်များအတွက် ဖောင်တစ်ခါတည်းဝယ်ပြီး ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်အောင်လည်း စီစဉ်ပေးထားတယ်လို့ သိရပါတယ်။

ယခုနှစ်မှာ ရွှေကြိုရွေးချယ်ခံရတဲ့ မောင်မယ်များအနေနဲ့ ဆုငွေများ ရရှိမှာ ဖြစ်သလို မောင်မျိုးမင်းသင်ကြားတဲ့ သရုပ်ဆောင်သင်တန်း၊ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခွင့်တွေကို ရရှိမှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က