လူငယ် လူကြီးအချိုးကျပေါင်းစပ်ထားနိုင်မှုကို ချီးကျူးပြောဆိုလိုက်တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းသမိုင်းတစ်လျှောက် အအောင်မြင်ဆုံးဂိုးသမားဖြစ်ခဲ့တဲ့ ပီတာရှမိုက်ကယ်အ နေနဲ့ လက်ရှိအသင်းအခြေအနေကို ချီးကျူးခဲ့တာလည်းဖြစ်ပါတယ်။

၁၉၉၉ ခုနှစ်အအောင်မြင်ဆုံးအချိန်ကာလတွေမှာ ယူနိုက်တက်အသင်းရဲ့ ဂိုးပေါက်ကိုအကောင်းဆုံးကာကွယ်နို င်ခဲ့တဲ့ ဂန္ထဝင်ဂိုးသမားဟောင်းဖြစ်သူ ပီတာရှမိုက်ကယ်က အစဉ်အလာကြီးမားတဲ့အသင်းကြီးတစ်သင်းဖြစ်တဲ့အ တွက် နာမည်ကြီးနည်းပြရှိနေဖို့မလိုဘူး လို့ မှတ်ချက်ပြုပြောဆိုမှုကို thesun က ဖော်ပြလာပါတယ်။

လက်ရှိယူနိုက်တက်အသင်းအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရန် ရုန်းကန်နေရဆဲဖြစ်ပေမယ့် ၁၉၉၂ လူငယ်မျိုးဆ က်ထွက်ပေါ်လာခဲ့ပြီးနောက် လူငယ်ကစားသမားတွေတဖန်ပေါ်ထွက်လာတဲ့အခြေအနေကြောင့် လာမယ့်နှစ်အ နည်းငယ်အတွင်း အောင်မြင်မှုတွေရရှိလာနိုင်တယ်လို့ ပီတာရှမိုက်ကယ်က ယူဆနေခဲ့တာပါ။



“ ဆိုးလ်ရှားအနေနဲ့ တကယ်ကို အံအားသင့်ဖွယ်လုပ်ပြနိုင်လိမ့်မယ်လို့ထင်ပါတယ်။ ယူနိုက်တက်မှာ နာမည် ကြီးနည်းပြရှိဖို့မလိုပါဘူး။ အစဉ်အလာကြီးမားတဲ့အသင်းဖြစ်တဲ့အတွက် အချိန်တန်ရင်အောင်မြင်မှုရလာပါ လိမ့်မယ်။ ဆိုးလ်ရှားဆိုတာကလည်း ယူနိုက်တက်သမိုင်းကျောင်းမှာ အစဉ်အလာကြီးမားခဲ့တဲ့ ဂန္ထဝင်တစ်ဦးပါ ” လို့ ပီတာရှမိုက်ကယ်က မှတ်ချက်ပြုပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။

အသင်းရဲ့ ပွဲထွက်ကစားသမားစာရင်းတွင် ၀ါရင့်ကစားသမားပါဝင်မှုနည်းပါးပေမယ့် ရက်ချ်ဖို့ဒ်၊ မာရှယ်၊ ဒန်နီရ ယ်ဂျိမ်းစ်၊ တော်မီနေးလ်၊ ဝမ်ဘစ်စကာတို့လို ခြေစွမ်းခြေစရှိတဲ့ လူငယ်ကစားသမားအများစုပိုင်ဆိုင်ထားတာဖြစ် ပြီး နည်းပြဆိုးလ်ရှားလက်ထက်မှာ အထိုက်အလျောက်စွမ်းဆောင်ထားနိုင်သူများလည်းဖြစ်ပါတယ်။

ယူနိုက်တက်အသင်းအနေနဲ့ လက်ရှိရာသီအပြင် လာမယ့်နှစ်များအတွင်း အောင်မြင်မှုများပြန်လည်ရရှိဖို့အတွ က် နည်းပြဆိုးလ်ရှားရဲ့စီမံကိန်းချလုပ်ဆောင်မှုများကို ဆက်လက်လုပ်ကိုင်ဖို့ရှိနေပြီး အပြောင်းအရွှေ့ကာလအ တွင်းမှာလည်း ဆန်ချို၊ ဟာလန်း၊ ဒမ်ဘီလီအစရှိတဲ့ လူငယ်ကစားသမားတွေကို ခေါ်ယူနိုင်ဖို့အတွက် ပြင်ဆင်မှု များလည်းရှိနေတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က