ဂလေဇာမိသားစုဝင်အချို့အနေနဲ့ ရှယ်ယာများကို ရောင်းချလိုနေခဲ့ပါတယ်။

ဆော်ဒီအိမ်ရှေ့မင်းသားအနေနဲ့ ပရီးမီးယားလိဂ်အသင်းတစ်သင်းသင်းကို ဝယ်ယူဖို့အတွက် ကာလရှည်ကြိုးစား နေခဲ့တာလည်းဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ကလပ်နယူးကာဆယ်အသင်းကို ဝယ်ယူတော့မယ်လို့ သတင်းထွက်ပေါ်ခဲ့ဖူးတဲ့ ဆော်ဒီအာရေ ဗျအိမ်ရှေ့မင်းသားမိုဟာမက်ဘင်ဆယ်လ်မန်အနေနဲ့ အဆင်မပြေမှုများရှိလာခဲ့တဲ့အတွက် မန်ချက်စတာယူနို က်ကို ဝယ်ယူနိုင်ရေးအတွက် မျက်စပစ်လာခဲ့တယ်လို့ dailymail ရဲ့ဖော်ပြချက်အရ သိရပါတယ်။

နယူးကာဆယ်အသင်းကို ပေါင်သန်း ၄ဝဝနီးပါးနဲ့ကမ်းလှမ်းခဲ့ပြီး နည်းပြဟောင်းဘင်နီတက်ဇ်ကိုပါ ပြန်လည်ခေါ် ယူပေးမယ့်လို့ သတင်းကြီးခဲ့ပေမယ့် နောက်ပိုင်းတွင် အဆင်မပြေမှုများရှိလာခဲ့ပြီး အရောင်းအဝယ်ညှိနှိုင်းမှုများ ပျက်ပြယ်ခဲ့တာလည်းဖြစ်ပါတယ်။



လက်ရှိသတင်းထွက်ပေါ်မှုများအရ ဆော်ဒီအိမ်ရှေ့မင်းသားအနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ရှယ် ယာစျေးနှုန်းများကို စတင်စုံစမ်းနေပြီဖြစ်ပြီး ဂလေဇာမိသားစုထံလည်း တရားဝင်ဆွေးနွေးမှုများပြုလုပ်နိုင်ဖို့အ တွက် ကမ်းလှမ်းဖို့ရှိနေတယ်လို့ သတင်းဖော်ပြမှုတွေရှိနေခဲ့တာပါ။

Thesun ရဲ့ဖော်ပြချက်မှာတော့ အိမ်ရှေ့မင်းသားမိုဟာမက်ဘင်ဆယ်လ်မန်အနေနဲ့ ယူနိုက်တက်ရဲ့ရှယ်ယာအ လုံးစုံကိုပိုင်ဆိုင်ဖို့အတွက် ပေါင် ၃ဘီလျံအထိအသုံးပြုဖို့ အသင့်ရှိနေပြီး အနာဂတ်ကာလမှာလည်း ရင်းနှီးမြှုပ်နှံ မှုပေါင်းများစွာပြုလုပ်ဖို့အတွက် ရှိနေတယ်လို့ အခိုင်အမာသတင်းဖော်ပြခဲ့တာလည်းဖြစ်ပါတယ်။

The Wall Street Journal ရဲ့ဖော်ပြချက်မှာတော့ ယူနိုက်တက်အသင်းရဲ့ ရှယ်ယာအများစုကို ပို်င်ဆိုင်ထားတဲ့ ဂလေဇာမိသားစုဝင်အချို့အနေနဲ့ ရှယ်ယာများကို ခွဲဝေရောင်းချဖို့အတွက် ဆန္ဒရှိနေခဲ့ပြီး ဆော်ဒီအိမ်ရှေ့မင်း သားအနေနဲ့ကလည်း လက်ရှိသတ်မှတ်စျေးနှုန်းထက် ပိုများတဲ့ ပမာဏတစ်ခုနဲ့ တရားဝင်ကမ်းလှမ်းဖို့ရှိနေတ ယ်လို့ မဖော်ပြထားတဲ့ သတင်းရင်းမြစ်အချို့အပေါ် ကိုးကားဖော်ပြခဲ့ပါတယ်။

Share

က္က