အေတီကိုမှာ လက်ရှိပေါင်ရှစ်သောင်းခွဲရရှိနေတာပါ။

ယူနိုက်တက်က တစ်ပတ်လုပ်ခ ပေါင်နှစ်သိန်းအထိ ပေးချေကာ ခေါ်ယူသွားဖို့ ကြိုးစားနေတာဖြစ်ပြီး စပိန်ကလပ်ဘက်က ရောင်းချမယ်လို့လည်း မျှော်လင့်နေပါတယ်။ 


မန်ချက်စတာယူနိုက်တက်အသင်းဟာ ပေါင် ၁၃၅သန်းတန်ကြေးရှိတယ်လို့ သတ်မှတ်ထားတဲ့ အက်သလက်တီကိုမက်ဒရစ်ကွင်းလယ်လူ ဆောလ်နီဂွက်ဇ်ကို လက်ရှိသူရရှိနေတဲ့ တစ်ပတ်လုပ်ခထက် ၂ဆခွဲနီးပါးပေးချေကာ ခေါ်ယူသွားဖို့အတွက် ကြိုးစားနေတယ်လို့ ဗြိတိန်သတင်းဌာန The Sun က ဖော်ပြသွားခဲ့ပါတယ်။ 

အသက် ၂၅ နှစ်အရွယ် စပိန်ကွင်းလယ်လူကို ယူနိုက်တက်က ကာလရှည်စိတ်ဝင်စားနေခဲ့တာဖြစ်ပြီးတော့ လက်ရှိမှာ ဆောလ်နီဂွက်ဇ်က တစ်ပတ်လုပ်ခပေါင်ရှစ်သောင်းခွဲရရှိနေတာဖြစ်ပါတယ်။ ယူနိုက်တက်က တစ်ပတ်လုပ်ခ ပေါင်နှစ်သိန်းအထိ ပေးချေကာ ခေါ်ယူသွားဖို့ ကြိုးစားနေတာဖြစ်ပြီး စပိန်ကလပ်ဘက်က ရောင်းချမယ်လို့လည်း မျှော်လင့်နေပါတယ်။ 

ဆောလ်နီဂွက်ဇ်ကို ပေါင်သန်း ရဝနဲ့ စတင်ကမ်းလှမ်းသွားဖို့ ယူနိုက်တက်က ပြင်ဆင်နေပြီး လီဗာပူးလ်ရဲ့အိမ်ကွင်းအန်ဖီးလ်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲကိုလည်း ကင်းထောက်တွေစေလွှတ်ခဲ့ကာ ကစားသမားရဲ့ ခြေစွမ်းကို စောင့်ကြည့်စေခဲ့ပါတယ်။ ဆိုးလ်ရှားက နီဂွက်ဇ်ရဲ့ ကစားဟန်ဟာ ယူနိုက်တက်နဲ့ သင့်တော်မှုရှိတယ်လို့ ယုံကြည်နေကြောင်းလည်း သိရပါတယ်။ 

ဆောလ်နီဂွက်ဇ်နဲ့ အက်သလက်တီကိုမက်ဒရစ်တို့ဟာ ၂၀၁၇ အတွင်းက ၉ နှစ်သက်တမ်းရှိတဲ့ စာချုပ်ကို ချုပ်ဆိုထားခဲ့ကြပါတယ်။ ဒီရာသီမှာ အက်သလက်တီကိုအတွက် ၃၇ ပွဲကစားပေးခဲ့ပြီး ၄ဂိုးအထိ ဆောလ်နီဂွက်ဇ်က သွင်းယူပေးထားခဲ့ကာ မက်ဒရစ်မှာကစားခဲ့တဲ့ လီဗာပူးလ်နဲ့ ချန်ပီယံလိဂ်ပထမအကျော့မှာ သွင်းယူခဲ့တဲ့ဂိုးလည်း ပါဝင်ခဲ့ပါတယ်။ 

ယူနိုက်တက်အနေနဲ့ ကွင်းလယ်လူပေါ့ဂ်ဘာထွက်ခွာသွားမယ့် အခြေအနေအတွက် ကြိုတင်ပြင်ဆင်မှုတွေကို ပြုလုပ်နေတာဖြစ်ပါတယ်။ မာတစ်ကလည်း အသက်အရွယ်အရ အကျပိုင်းရောက်လာခဲ့ပြီဖြစ်လို့ ဖရက်ဒ်၊ တော်မီနေး၊ ဘရူနိုဖာနန်ဒက်စ်တို့သာ ကျန်ရှိမယ့်အနေအထားမှာ နောက်ထပ်ကွင်းလယ်လူတစ်ဦး ခေါ်ယူသွားဖို့ရှိနေတာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က