အင်္ဂလန်လက်ရွေးစင်တောင်ပံကစားသမားကို ခေါ်ယူနိုင်ဖို့ ပရီးမီးယားလိဂ်ထိပ်သီးအသင်းအချို့က စိတ်ဝင်စား နေခဲ့တာလည်းဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ လက်စတာတောင်ပံကစားသမားဖြစ်သူ မက်ဒီဆင်ကို ခေါ်ယူနိုင်ဖို့အ တွက် အကြိမ်ကြိမ်ကြိုးပမ်းခဲ့သော်လည်း ကာယကံရှင်ဖြစ်သူကိုယ်တိုင်က အသင်းပြောင်းရွှေ့လိုတဲ့ဆန္ဒမရှိခြင်း ကြောင့် ခေါ်ယူနိုင်မယ့် အစီအစဉ်ပျက်ပြယ်ခဲ့ပြီဖြစ်တယ်လို့ dailymail ရဲ့ဖော်ပြချက်အရ သိရပါတယ်။
လက်စတာအသင်းအနေနဲ့ လက်ရှိပရီးမီးယားလိဂ်အဆင့်ရပ်တည်မှုကို ဆက်ထိန်းထားနိုင်ခဲ့ပါက လာမယ့်ရာ သီသစ်မှာ ချန်ပီယံလိဂ်ဝင်ကစားရမှာဖြစ်တဲ့အတွက် အဓိက,ကစားသမားတွေဖြစ်တဲ့ တိုက်စစ်မှူးဂျေမီဗာဒီအပါ အဝင် မက်ဒီဆင်တို့ကို အသင်းမှာဆက်ထိန်းထားနိုင်ဖို့အတွက် အားစိုက်လုပ်ဆောင်နေခဲ့တာလည်းဖြစ်ပါတယ်။
သတင်းဖော်ပြမှုတွေအရ ကစားသမားဖြစ်သူအနေနဲ့ ပရီးမီးယားလိဂ်အသင်းကြီးအချို့ရဲ့ စိတ်ဝင်စားခြင်းခံခဲ့ရမှု အပေါ် ဂုဏ်ယူနေပေမယ့် လက်စတာအတွက် ဆက်လက်ကိုယ်စားပြုပေးလိုတဲ့ဆန္ဒကြောင့် ကမ်းလှမ်းလာတဲ့ သက်တမ်းတိုးစာချုပ်ကို ချုပ်ဆိုဖို့ သဘောတူခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
Thesun ရဲ့ဖော်ပြချက်အရ လက်စတာအသင်းနဲ့စာချုပ်သက်တမ်း၂နှစ်ကျန်ရှိနေသေးတဲ့ မက်ဒီဆင်ဟာ တစ်ပ တ်လုပ်ခလစာပေါင်တစ်သိန်းနဲ့အတူ ၅နှစ်သက်တမ်းရှိသက်တမ်းတိုးစာချုပ်တစ်ရပ်ကို ချုပ်ဆိုဖို့ သဘောတူခဲ့ တာဖြစ်တယ်လို့လည်း ဖော်ပြနေကြပါတယ်။
ယူနိုက်တက်အသင်းကတော့ မက်ဒီဆင်ကိုခေါ်ယူနိုင်ဖို့အတွက် တရားဝင်ကမ်းလှမ်းမှုအပြင် အေးဂျင့်ဖြစ်သူထံ ကနေတဆင့်ပါ ဆက်သွယ်လုပ်ဆောင်ခဲ့ပေမယ့် အဆင်မပြေဖြစ်ခဲ့တာဖြစ်ပြီး အခြားသတင်းရင်းမြစ်တွေအရမ န်ယူနိုက်တက်အမှုဆောင်အရာရှိချုပ်အက်ဝုဒ်ဝက်ကိုယ်တိုင်က ပေါင်သန်း ၈ဝကျော်နဲ့ကမ်းလှမ်းခဲ့တယ်လို့လ ည်း သတင်းဖော်ပြမှုတွေရှိနေခဲ့ပါတယ်။