ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်တို့လို ထိပ်တန်းအသင်းတွေကပါ ဆန်ချိုကို စိတ်ဝင်စားနေခဲ့ကြတာဖြစ်ပြီး မာကိုရူးစ်ကတော့ ဆန်ချိုကို ဘွန်ဒက်လီဂါမှာ အနည်းဆုံးနောက်ထပ်တစ်နှစ်တော့ ကစားဖို့ အကြံပြုခဲ့ပါတယ်။
ဒေါ့မွန်အသင်းခေါင်းဆောင်မာကိုရူးစ်ကတော့ အသင်းကြယ်ပွင့်ကစားသမားဆန်ချိုဟာ မန်ချက်စတာယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ပြီး ဒေါ့မွန်မှာပဲ ဆက်လက်ကစားသင့်တယ်လို့ ယုံကြည်ကြောင်း ပြောဆိုခဲ့ပါတယ်။ အင်္ဂလန်လက်ရွေးစင်ကစားသမားကို နွေရာသီမှာခေါ်ယူဖို့ ယူနိုက်တက်အလေးထားချိတ်ဆက်နေတာလည်းဖြစ်ပါတယ်။
အသက် ၂ဝအရွယ်သာရှိသေးတဲ့ ဆန်ချိုဟာ ဒေါ့မွန်အတွက် ခြေစွမ်းပြနေသူဖြစ်ပြီး အဓိကကစားသမားအဖြစ် နေရာရနေတာလည်းဖြစ်ပါတယ်။ ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်တို့လို ထိပ်တန်းအသင်းတွေကပါ ဆန်ချိုကို စိတ်ဝင်စားနေခဲ့ကြတာဖြစ်ပြီး မာကိုရူးစ်ကတော့ ဆန်ချိုကို ဘွန်ဒက်လီဂါမှာ အနည်းဆုံးနောက်ထပ်တစ်နှစ်တော့ ကစားဖို့ အကြံပြုခဲ့ပါတယ်။
"ဆန်ချိုက ထူးချွန်တဲ့ကစားသမားတစ်ဦးပါ၊ ကလပ်အသင်းအများအပြားရဲ့ ပစ်မှတ်လည်းဖြစ်ပါတယ်၊ အခုဆိုရင် ပြီးခဲ့တဲ့ရာသီကထက် ပိုပြီးကောင်းမွန်တဲ့ အဆင့်အတန်းတစ်ခုမှာ သူကစားပြနေပါတယ်၊ ကျွန်တော်တို့ရည်မှန်းချက်တွေ အောင်မြင်ဖို့အတွက် သူက အရမ်းတန်ဖိုးရှိတဲ့သူဖြစ်လာမှာပါ" လို့ Bild နဲ့ တွေ့ဆုံမှုမှာ မာကိုရူးစ်က ပြောခဲ့ပါတယ်။
"သူ ဒေါ့မွန်မှာ နောက်ထပ်တစ်နှစ်၊ ဖြစ်နို်င်ရင် ၂နှစ်လောက်ဆက်နေပါလို့ ကျွန်တော်အကြံပြုချင်ပါတယ်၊ ကျွန်တော့်အမြင်အရဆိုရင်တော့ လက်ရှိမှာ ဒေါ့မွန်ထက်ပိုကောင်းတဲ့အသင်း သူ့ဆီမှာမရှိပါဘူး၊ နောက်တဆင့်မှာ သူ ကြီးမားတဲ့ခြေလှမ်းမျိုးကို ပိုပြီးတော့ လှမ်းနိုင်ဖို့လည်း ဖြစ်လာပါလိမ့်မယ်၊ ဒီမှာဆို အေးအေးချမ်းချမ်းနဲ့ သူ ပွဲထွက်ကစားခွင့်ရနေမှာပါ"
"သူ့အတွက် ကလပ်အသင်းသစ်တစ်ခုရှာဖွေနိုင်ပါတယ်၊ ဒါပေမယ့် အသက် ၂၀ အရွယ်ကစားသမားအတွက် အမြဲတမ်းတော့ လွယ်ကူနေမှာမဟုတ်ပါဘူး၊ သူ့အနေနဲ့ ဖြစ်နိုင်မယ်ဆိုရင် ဒီမှာ ဆက်နေပြီး တိုးတက်လာတော့မှ အသင်းကြီးတွေကို ပြောင်းဖို့ စဉ်းစားသင့်ပါတယ်" လို့ အသင်းဖော်ကို မာကိုရူးစ်က တိုက်တွန်းပြောဆိုခဲ့ပါတယ်။