ကလော့ပ်နဲ့ စကားပြောဆိုမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ချယ်လ်ဆိးက တီမိုဝါနာကို ခေါ်ယူခဲ့သလို၊ ယူနိုက်တက်ကလည်း ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ မသေမချာဖြစ်နေခဲ့လို့ လီဗာပူးလ်က အခွင့်အရေးအသာစီးရရှိခဲ့တာလို့ သိရပါတယ်။


ဒေါ့မွန်အသင်းရဲ့ တောင်ပံကစားသမားဆန်ချိုဟာ မန်ချက်စတာယူနိုက်တက်အသင်းထက် လီဗာပူးလ်ကိုသာ ပြောင်းရွှေ့ချင်တယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ ယူနိုက်တက် နဲ့ ချယ်လ်ဆီးတို့ရဲ့ စိတ်ဝင်စားမှုကို ရရှိနေပေမယ့်လည်း ကစားသမားကတော့ အန်ဖီးလ်ကိုသာ ကိုယ်စားပြုဖို့ စိတ်အားထက်သန်နေတာလည်းဖြစ်ပါတယ်။

The Independent သတင်းဌာနက ဖော်ပြခဲ့တာဖြစ်ပြီး ချယ်လ်ဆိးက တီမိုဝါနာကို ခေါ်ယူခဲ့သလို၊ ယူနိုက်တက်ကလည်း ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ မသေမချာဖြစ်နေခဲ့လို့ လီဗာပူးလ်က အခွင့်အရေးအသာစီးရရှိခဲ့တာလို့ သိရပါတယ်။ ဒေါ့မွန်ကတော့ ဆန်ချိုအတွက် ပေါင်သန်း ၁၀၀ အထိ စျေးခေါ်ထားပြီး အဆိုပါပမာဏက လီဗာပူးလ်အတွက်တော့ အခက်တွေ့ဖွယ်ရှိနေပါတယ်။ 

ဒါပေမယ့်လည်း လီဗာပူးလ်အသင်းနည်းပြကလော့ပ်ဟာ ဆန်ချိုနဲ့ ပုဂ္ဂိုလ်ရေးစကားပြောဆိုမှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒီရာသီမှာ ဒေါ့မွန်အတွက် ပြိုင်ပွဲစုံ ၃၉ ပွဲမှာ ဂိုး၂၀ သွင်းပြီး ဖန်တီးမှု ၂၀ ကြိမ်အထိ ဆန်ချိုက စွမ်းဆောင်ပေးထားပြီး ကလော့ပ်က သူ့ရဲ့တိုက်စစ်ပိုင်းအင်အားကို ပိုမိုတောင့်တင်းလာစေဖို့ ဆန္ဒရှိနေခဲ့ပါတယ်။ 

လီဗာပူးလ်အသင်းမှာ မာနေး နဲ့ ဆာလာတို့က တောင်ပံတိုက်စစ်မှူးတွေအဖြစ် ကစားပေးနေပေမယ့်လည်း အဆိုပါကစားသမားတွေ ဒဏ်ရာရရှိချိန်မှာ အစားထိုးဖို့ ကစားသမားကတော့ ရှားပါးနေခဲ့ပါတယ်။ ဆန်ချိုအနေနဲ့ လီဗာပူးလ်မှာ ပုံမှန်ကစားခွင့်ရရှိမယ်လို့လည်း မျှော်လင့်နေပြီး ဒီအပြောင်းအရွှေ့က အမှန်တကယ်ပဲဖြစ်ပေါ်လာမလားဆိုတာ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က