မကြာခင်မှာ အတည်ပြုသွားမယ်လို့ သိရပါတယ်။

မိုအစ်ဒ်ကတော့ ဆော်ဒီတော်ဝင်မိသားစုနဲ့ နီးစပ်မှုရှိတဲ့ သတင်းထောက်တစ်ဦးလို့ သိရပြီး ယူနိုက်တက်ကို ဘင်ဆယ်လ်မန်ဝယ်ယူမယ့် အကြောင်းကို တောက်လျှောက်ဆိုသလိုဖော်ပြခဲ့သူလည်း ဖြစ်ပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းကို ဆော်ဒီမင်းသားဘင်ဆယ်လ်မန်က ဝယ်ယူနိုင်ခဲ့ပြီဆိုတဲ့ သတင်းတွေက မနေ့ညက ထွက်ပေါ်လာခဲ့ပါတယ်။ မိုအစ်ဒ်မာဂျော့ဘ်လို့ နာမည်ရတဲ့ ဆော်ဒီသတင်းထောက်တစ်ဦးက သူ့ရဲ့တွစ်တာကတဆင့် ရေးသားဖော်ပြခဲ့တာဖြစ်ပြီး မကြာခင်မှာ အရောင်းအဝယ်ကို တရားဝင်ကြေညာသွားမယ်လို့ သိရပါတယ်။

မိုအစ်ဒ်ကတော့ ဆော်ဒီတော်ဝင်မိသားစုနဲ့ နီးစပ်မှုရှိတဲ့ သတင်းထောက်တစ်ဦးလို့ သိရပြီး ယူနိုက်တက်ကို ဘင်ဆယ်လ်မန်ဝယ်ယူမယ့် အကြောင်းကို တောက်လျှောက်ဆိုသလိုဖော်ပြခဲ့သူလည်း ဖြစ်ပါတယ်။ မနေ့ကလည်း The Sun က ယူနိုက်တက်ထိပ်တန်းတာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ အာနိုးလ်ဟာ ဆော်ဒီကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံခဲ့တဲ့သတင်းကို ဖော်ပြခဲ့ပါတယ်။

ဘင်ဆယ်လ်မန်ကတော့ ယူနိုက်တက်ကို ပေါင် ၃ ဘီလီယံနဲ့ ဝယ်ယူဖို့အတွက် ပြင်ဆင်နေသူဖြစ်ပြီး အရင်အကြိမ်တွေတုန်းက ကမ်းလှမ်းမှုတွေကိုတော့ ဂလေဇာမိသားစုက ငြင်းဆန်ထားခဲ့ပါတယ်။ ဒီတစ်ကြိမ်မှတော့ ဝယ်ယူနိုင်ဖို့အတွက် တော်တော်လေးနီးစပ်တဲ့ အနေအထားကို ရောက်ရှိနေတာဖြစ်ပြီး ဒီမတိုင်ခင်မှာ ဂလေဇာမိသားစုကလည်း သူတို့ရဲ့ ရှယ်ယာတချို့ကို ရောင်းချခဲ့တယ်လို့ သတင်းတွေထွက်ခဲ့ပါသေးတယ်။

ဆော်ဒီမှာ ငွေကြေးအရရော၊ သြဇာအာဏာပါကြီးထွားတဲ့ ဘင်ဆယ်လ်မန်က ကမ္ဘာ့ထိပ်တန်းအသင်းတစ်သင်းကို ပိုင်ဆိုင်ဖို့အတွက် အားစိုက်ကြိုးပမ်းလာခဲ့တာဖြစ်ပါတယ်။ အသက် ၃၄နှစ်အရွယ်သာ ရှိသေးပြီး ပိုင်ဆိုင်မှုတန်ဖိုးက ခန့်မှန်းချေ ပေါင် ၇ ဘီလီယံရှိတယ်လို့ သိရပြီး ဆော်ဒီဒုတိယတန်းကလပ်အသင်းတစ်သင်းကိုလည်း ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။

Share

က္က