ယူနိုက်အနေနဲ့ တန်းဆင်းဇုန်နဲ့ ရမှတ် ၅မှတ်ပဲ ကွာဟနေခဲ့တာပါ။

ပရီးမီးယားလိဂ်ပွဲစဉ် ၁၁ အပြီးတွင် ယူနိုက်တက်အနေနဲ့ နိုင်ပွဲ ၃ပွဲသာရရှိထားခဲ့တာလည်းဖြစ်ပါတယ်။

ဘုန်းမောက်အသင်းကို အရေးနိမ့်ခဲ့့တဲ့ပွဲစဉ်အပြီးတွင် ယူနိုက်တက်အသင်းပရိသတ်အချို့အနေနဲ့နည်း ပြဆိုးလ်ရှားအပေါ် ဝေဖန်မှုများပြုလုပ်ခဲ့သလို ဗြိတိန်မီဒီယာတစ်ခုဖြစ်တဲ့ TheSunသတင်းစာကလည်း ယူနိုက်တက်ကို ဖျက်စီးနေခဲ့သူလို့ အဓိပ္ပါယ်ရတဲ့ အသုံးအနှုန်းအချို့နဲ့ဖော်ပြလာခဲ့ပါတယ်။

ယူနိုက်တက်အသင်းအနေနဲ့ လက်ရှိရာသီအစတွင် နောက်တန်းကစားသမားကောင်းတွေဖြစ်တဲ့ မက် ဂွိုင်းယား၊ ဝမ်ဘစ်စကာတို့ကို ခေါ်ယူခဲ့ပေမယ့်လည်း ပွဲစဉ် ၁၁အပြီးမှာတင် ရှုံးပွဲ ၄ပွဲအထိရှိလာခဲ့ခြင်း နဲ့အတူ အမှတ်ပေးဇယားအဆင့် ၁၀ နေရာအထိ ဆင်းပေးခဲ့ရတာလည်းဖြစ်ပါတယ်။



OptaJoe ရဲ့ဖော်ပြချက်တွင်လည်း ယူနိုက်တက်အနေနဲ့ ၁၁ပွဲမှာ ရမှတ် ၁၃မှတ်သာရရှိထားခဲ့ခြင်းက နှစ်ပေါင်း ၃၃နှစ်အတွင်း အဆိုးရွားဆုံးအခြေအနေတစ်ခုဖြစ်ခဲ့ပြီး ဂန္ထဝင်နည်းပြဟောင်းဖာဂူဆန်အနား ယူခဲ့ပြီးတဲ့နောက်ပိုင်း လိုအပ်ချက်အမြင့်ဆုံးဖြစ်လာခဲ့တယ်လို့ ဖော်ပြခဲ့တာပါ။

လက်ရှိမှာ အသင်းပိုင်ရှင်အပြောင်းအလဲဖြစ်ပေါ်လာနိုင်တယ်လို့ ထွက်ပေါ်နေတဲ့သတင်းဂယက်ကြော င့် အသင်းရဲ့ရလဒ်ပိုင်းရုန်းကန်နေရတာဖြစ်တယ်လို့ သုံးသပ်မှုအချို့ရှိနေခဲ့သလို တစ်ဖက်တွင်လည်း နည်းပြဆိုးလ်ရှားနဲ့လမ်းခွဲဖို့ ပြင်ဆင်နေခဲ့ပြီဖြစ်တယ်လို့လည်း ဗြိတိန်မီဒီယာအများစုက သုံးသပ်ဖော်ပြ နေခဲ့ပါတယ်။

ယူနိုက်တက်ပရိသတ်တွေကတော့ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၁ဝကတည်းက အသင်းအမှုဆောင် အရာရှိချုပ်အက်ဝုဒ်ဝက်ဘ်ကို ရာထူးမှထုတ်ပယ်ဖို့တောင်းဆိုမှုအချိုု့ပြုလုပ်ခဲ့ပြီး ခါရာဘောင်းပွဲစဉ်မှာ ချဲလ်ဆီးကို အနိုင်ရခဲ့လို့ ဝေဖန်မှုအချို့ရပ်တံ့ခဲ့ပေမယ့် ဘုန်းမောက်ကိုရှုံးနိမ့်မှုအပြီး ဝေဖန်မှုတွေထပ် ပေါ်လာခဲ့တာလည်းဖြစ်ပါတယ်။

Share

က္က