တနင်္လာနေ့မှာ ကစားရမှာပါ။

အဆိုပါကစားသမားနှစ်ဦးအပြင် အဓိကတိုက်စစ်မှူးဖြစ်တဲ့ အေဘရာဟမ်ကလည်း လွဲချော်နိုင်ဖွယ်ရှိတယ်လို့ လမ်းပတ်ကပြောဆိုခဲ့တာကြောင့် ချယ်လ်ဆီးပရိသတ်တွေအတွက်တော့ စိုးရိမ်ဖွယ်ရာဖြစ်လာခဲံပါတယ်။


ချယ်လ်ဆီးအသင်းရဲ့ ပထမကစားသမားနှစ်ဦးဟာ ဒီတစ်ပတ်ကစားရမယ့် ယူနိုက်တက်နဲ့ပွဲကို လွဲချော်လိမ့်မယ်လို့ နည်းပြလမ်းပတ်က အတည်ပြုပြောဆိုလိုက်ပါတယ်။ အဆိုပါကစားသမားနှစ်ဦးအပြင် အဓိကတိုက်စစ်မှူးဖြစ်တဲ့ အေဘရာဟမ်ကလည်း လွဲချော်နိုင်ဖွယ်ရှိတယ်လို့ လမ်းပတ်ကပြောဆိုခဲ့တာကြောင့် ချယ်လ်ဆီးပရိသတ်တွေအတွက်တော့ စိုးရိမ်ဖွယ်ရာဖြစ်လာခဲံပါတယ်။

တနင်္လာနေ့ညမှာကစားရမယ့် ဒီပွဲဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်အရေးပါတဲ့ ပွဲစဉ်တစ်ပွဲလည်းဖြစ်ပါတယ်။ လက်ရှိမှာ ချယ်လ်ဆီးက ယူနိုက်တက်ထက် ၆ မှတ်အသာရရှိထားပေမယ့် ဒီပွဲကိုသာ အရေးနိမ့်ခဲ့မယ်ဆိုရင် ရမှတ်ကွာဟချက်ကျဉ်းမြောင်းသွားမှာဖြစ်ပြီး အခြားသောပြိုင်ဘက်တွေဖြစ်တဲ့ စပါး၊ အဲဗာတန်တို့ရဲ့ ဖိအားပေးမှုတွေနဲ့လည်း ရင်ဆိုင်ရမှာဖြစ်ပါတယ်။ 

ချယ်လ်ဆီးမှာ ပါဝင်နိုင်ခြင်းမရှိမယ့်ကစားသမားတွေကို လမ်းပတ်က အတည်ပြုခဲ့ရာမှာ "ပူလီဆစ်က ဒီနေ့မှာ ယူ၂၃ နဲ့ လေ့ကျင့်မှုပြုလုပ်သွားမှာပါ၊ ဒီအတွက် သူ ကြံ့ခိုင်မှုမပြည့်ဝသေးပါဘူး၊ လော့တပ်ချိခ်ကလည်း ဒီပွဲကိုကစားဖို့ ကြံ့ခိုင်မှုမပြည့်ဝသေးပါဘူး၊ အေဘရာဟမ်က ဒဏ်ရာဝေဒနာခံစားနေရဆဲပါ၊ ဒီနေ့မှာ လေ့ကျင့်မှုပြုလုပ်မှာဖြစ်ပေမယ့် သူ့အခြေအနေက စောင့်ကြည့်ရဦးမှာပါ" လို့ ပြောဆိုခဲ့ကြောင်း မန်ချက်စတာညနေခင်းသတင်းစာက ဖော်ပြခဲ့ပါတယ်။ 

ဧည့်သည်မန်ချက်စတာယူနိုက်တက်အသင်းမှာလည်း အဓိကကစားသမားတွေဖြစ်တဲ့ မက်တော်မီနေး၊ ပေါ့ဂ်ဘာ၊ တွန်ဇီဘီတို့လည်း ဒဏ်ရာကြောင့်လွဲချော်မယ်လို့ သိရပါတယ်။ အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ ဒီရာသီအဖွင့်ပွဲမှာတော့ ချယ်လ်ဆီးက လေးဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ပြီး ဒီပွဲက ချယ်လ်ဆီးအတွက် လက်စားပြန်ချေရမယ့်ပွဲလည်းဖြစ်ပါတယ်။ 

Share

က္က