ကစားသမားကိုယ်တိုင်က ဆန္ဒရှိနေတာပါ။

ဒီရာသီမှာ လက်စတာအတွက် သွင်းဂိုး ၆ဂိုးနဲ့ ဖန်တီးမှု ၅ကြိမ်ပြုလုပ်ပေးထားတဲ့ အင်္ဂလန်လက်ရွေးစင်ကစားသမားကို ယူနိုက်တက်ကလည်း စိတ်ဝင်စားနေတာဖြစ်ပါတယ်။ 


လက်စတာစီးတီးအတွက် ခြေစွမ်းပြကစားပေးနေတဲ့ ကွင်းလယ်လူမက်ဒီဆန်ဟာ မန်ချက်စတာယူနိုက်တက်အသင်းကိုပြောင်းရွှေ့ချင်နေတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ ဒီရာသီမှာ လက်စတာအတွက် သွင်းဂိုး ၆ဂိုးနဲ့ ဖန်တီးမှု ၅ကြိမ်ပြုလုပ်ပေးထားတဲ့ အင်္ဂလန်လက်ရွေးစင်ကစားသမားကို ယူနိုက်တက်ကလည်း စိတ်ဝင်စားနေတာဖြစ်ပါတယ်။ 

ဗြိတိန်နာမည်ကျော်သတင်းစာ The Sun ကလည်း ယူနိုက်တက်ဟာ မက်ဒီဆန်နဲ့ ဗီလာကွင်းလယ်လူဂရီလစ်ရှ်တို့နှစ်ဦးအတွက် ပေါင်သန်း ၁၆၀ အထိ အသုံးပြုသွားဖို့ စီစဉ်နေတယ်လို့ ပြီးခဲ့တဲ့တစ်ပတ်အတွင်းကမှ ဖော်ပြခဲ့ပါသေးတယ်။ အခုအခါမှာလည်း ကစားသမားကိုယ်တိုင်ကလည်း ပြောင်းရွှေ့ချင်နေတယ်လို့ မန်ချက်စတာညနေခင်းသတင်းစာက ဖော်ပြခဲ့တာဖြစ်ပါတယ်။ 

ယူနိုက်တက်အနေနဲ့လည်း ပေါ့ဂ်ဘာကို ပြန်လည်ရောင်းချသွားဖွယ်အခြေအနေရှိနေပြီး အသင်းကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းဖို့ လိုအပ်နေတာဖြစ်ပါတယ်။ ဒီအတွက်ကြောင့် မက်ဒီဆန်ကို ပစ်မှတ်စာရင်းထဲမှာ ဆက်လက်ထားရှိပြီး စောင့်ကြည့်မှုတွေ ပြုလုပ်နေကာ ကစားသမားဘက်က ဆန္ဒရှိနေတယ်ဆိုတဲ့သတင်းက ခေါ်ယူနိုင်ဖို့အတွက် အခွင့်အရေးကောင်းဖြစ်လာခဲ့ပါတယ်။ 

လက်ရှိယူနိုက်တက်ကွင်းလယ်ပိုင်းမှာ မက်တော်မီနေး၊ ဖရက်ဒ်၊ ပေါ့ဂ်ဘာ၊ ပါရဲရား နဲ့ ဘရူနိုဖာနန်ဒက်စ်တို့ရှိနေပါတယ်။ ဒါပေမယ့် ပါရဲရားက အားကိုးနိုင်တဲ့အနေအထားမျိုးမရှိဘဲ ပေါ့ဂ်ဘာလည်း ထွက်ခွာခဲ့မယ်ဆိုရင် ကစားသမားအင်အားမလုံလောက်မယ့် အခြေအနေရှိနေပြီး မက်ဒီဆန်နဲ့ ဂရီလစ်ရှ်တို့နှစ်ဦးစလုံး ဒါမှမဟုတ် တစ်ဦးဦးကို ခေါ်ယူနိုင်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။

Share

က္က