ဆန်ချိုအနေနဲ့ တစ်နှစ်လုပ်ခ ပေါင် ၃.၅သန်းအထိ တိုးမြှင့်ရရှိမှာဖြစ်ပြီး စုစုပေါင်း ပေါင် ၉ သန်းဖြစ်သွားကာ ဒေါ့မွန်ရဲ့ ဒုတိယမြောက်လစာအများဆုံးကစားသမားအဖြစ် ရပ်တည်မှာလည်းဖြစ်ပါတယ်။
ဆန်ချိုအနေနဲ့ နွေရာသီမှာ အသင်းကထွက်ခွာသွားမှာမဟုတ်ဘဲ ဆက်လက်ရှိနေမယ်လို့ ဒေါ့မွန်အသင်းက ယုံကြည်နေပြီး ကစားသမားကို တစ်နှစ်စာချုပ်သက်တမ်းတိုးကာ လစာအဖြစ် တစ်နှစ်လုပ်ခ ပေါင် ၉သန်းအထိ ပေးချေသွားဖို့ စီစဉ်နေကြောင်း သိရပါတယ်။ ဒါဟာ ယူနိုက်တက်ကို ပြောင်းရွှေ့သွားမယ့်အရေးကနေ ဒေါ့မွန်က ကာကွယ်ဖို့ စတင်ကြိုးစားလာခဲ့တာဖြစ်ပါတယ်။
အသက် ၂၀ အရွယ် အင်္ဂလန်တောင်ပံကစားသမားကို ယူနိုက်တက်က အလေးအနက်ထားစိတ်ဝင်စားနေပြီး ချယ်လ်ဆီး၊ လီဗာပူးလ်တို့လို ပရီးမီးယားလိဂ်ထိပ်သီးကလပ်တွေကလည်း ပစ်မှတ်ထားနေကြတာဖြစ်ပါတယ်။ ဆန်ချိုဟာ ဒီရာသီဘွန်ဒက်လီဂါ ၂၃ ပွဲမှာ ၁၄ ဂိုးသွင်းယူကာ ၁၆ ကြိမ်အထိ ဖန်တီးပေးနိုင်တဲ့အထိ ခြေစွမ်းပြနေခဲ့သူဖြစ်ပါတယ်။
Forbes ရဲ့ ဖော်ပြချက်မှာတော့ ဒေါ့မွန်က သူတို့ကစားသမားကို အသင်းကနေ ထွက်ခွာမသွားအောင် ကြိုးစားနေပြီလို့ သိရပြီး ဇန်နဝါရီလကမှ အသင်းကိုရောက်ရှိလာတဲ့ တိုက်စစ်မှူးဟာလန်းနဲ့တွဲဖက်ကာ ဒေါ့မွန်အတွက် အောင်မြင်မှုတွေရယူပေးနိုင်ဖို့အတွက် အပြည့်အဝမျှော်လင့်နေပြီး လစာတိုးပေးဖို့ကိုပါ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။
ဆန်ချိုအနေနဲ့ တစ်နှစ်လုပ်ခ ပေါင် ၃.၅သန်းအထိ တိုးမြှင့်ရရှိမှာဖြစ်ပြီး စုစုပေါင်း ပေါင် ၉ သန်းဖြစ်သွားကာ ဒေါ့မွန်ရဲ့ ဒုတိယမြောက်လစာအများဆုံးကစားသမားအဖြစ် ရပ်တည်မှာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်အနည်းငယ်ကတော့ ဆန်ချိုနဲ့ ယူနိုက်တက်တို့ကြား ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိခဲ့ပြီလို့ သတင်းတွေထွက်ပေါ်လာခဲ့ပါသေးတယ်။
ဆန်ချိုဟာ ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေသေးတာဖြစ်ပြီးတော့ ဒေါ့မွန်ဘက်က ပေးချေမယ့် လစာနှုန်းထားအတိုင်းဆိုရင် အသင်းခေါင်းဆောင်မာကိုရူးစ်ပြီးရင် လစာအများဆုံးရသူဖြစ်လာမှာလည်းဖြစ်ပါတယ်။ ဒါပေမယ့် ဒေါ့မွန်ဘက်က ကစားသမားထွက်ခွာဖို့ ဆန္ဒရှိမယ်ဆိုရင်လည်း သူ့ဆန္ဒကိုလေးစားမှုပေးမယ်လို့ ပြောဆိုထားခဲ့ပါတယ်။