ကွင်းလယ်ကနေ ဆွဲပြေးပြီးကန်သွင်းယူခဲ့တာပါ။

ဂိုးသမားအယ်လစ်ဆန်ဘက်ကာရဲ့ ကန်တင်ပေးမှုကနေ ဆာလာက ကွင်းလယ်တစ်ဝက်ကနေ တောက်လျှောက်ပြေးဆွဲသွားခဲ့ပြီး ဒီဂီယာနဲ့ အနီးကပ်အတွေ့မှာ အပိုင်ကန်သွင်းပြီး လီဗာပူးလ်ကို ၂-၀ နဲ့ အနိုင်ရရှိစေခဲ့ပါတယ်။


အန်ဖီးလ်မှာကစားခဲ့တဲ့ ဇန်နဝါရီလ ၁၉ ရက်နေ့က မန်ချက်စတာယူနိုက်တက်နဲ့ပွဲမှာ သွင်းယူခဲ့တဲ့ ဆာလာရဲ့ သွင်းဂိုးဟာ လီဗာပူးလ်အသင်းရဲ့တစ်လတာအကောင်းဆုံးသွငး်ဂိုးအဖြစ် သတ်မှတ်ခံခဲ့ရတယ်လို့ သိရပါတယ်။ လီဗာပူးလ်အသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုက်ကနေ သတင်းထုတ်ပြန်ခဲ့တာဖြစ်ပြီး ပွဲကစားချိန် ၉၃ မိနစ်မှာ ဆာလာက သွင်းယူခဲ့တာဖြစ်ပါတယ်။ 

ဂိုးသမားအယ်လစ်ဆန်ဘက်ကာရဲ့ ကန်တင်ပေးမှုကနေ ဆာလာက ကွင်းလယ်တစ်ဝက်ကနေ တောက်လျှောက်ပြေးဆွဲသွားခဲ့ပြီး ဒီဂီယာနဲ့ အနီးကပ်အတွေ့မှာ အပိုင်ကန်သွင်းပြီး လီဗာပူးလ်ကို ၂-၀ နဲ့ အနိုင်ရရှိစေခဲ့ပါတယ်။ အဆိုပါသွင်းဂိုးဟာ ဆာလာအတွက်လည်း  လီဗာပူးလ်ကစားသမားဘဝမှာ ယူနိုက်တက်ကို ပထမဆုံးအကြိမ်ဂိုးသွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 

ဂိုးသွင်းခဲ့ပြီးနောက် ဂိုးသမားအယ်လစ်ဆန်ကလည်း သူ့ရဲ့ဖန်တီးပေးနိုင်ခဲ့မှုအတွက် ယူနိုက်တက်ဂိုးပေါက်ရှေ့ထိပြေးတက်ခဲ့ကာ ဆာလာနဲ့အတူ အောင်ပွဲခံသွားခဲ့ပါတယ်။ ဆာလာကတော့ ဒီရာသီမှာ လီဗာပူးလ်အတွက် လိဂ်ပွဲ ၂၂ပွဲကစားပေးထားခဲ့ပြီး ၁၄ဂိုးသွင်းယူပေးထားကာ အသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေပါတယ်။ 

ဆာလာရဲ့ သွင်းဂိုးနောက်မှာ အက်ဖ်အေဖလားတတိယအဆင့်မှာ အဲဗာတန်ဘက်ကို သွင်းယူခဲ့တဲ့ ကာတစ်ဂျုံးစ်ရဲ့ သွင်းဂိုး၊ ဝုလ် ယူ၂၃အသင်းနဲ့ပွဲစဉ်က အီလီယော့ရဲ့သွင်းဂိုး၊ ဖာမီနီုက ပရီးမီးယားလိဂ်မှာ ဝုလ်ကို သွင်းယူခဲ့တဲ့သွင်းဂိုး နဲ့ ဆန်းဒါးလန်းယူ၁၈ အသင်းဘက်ကို သွင်းယူခဲ့တဲ့ လေတန်စတီးဝပ်ရဲ့ သွင်းဂိုးတို့က အစဉ်အလိုက်ရပ်တည်ခဲ့ကြတယ်လို့ သိရပါတယ်။ 

Share

က္က