တော့တင်ဟမ်မှာ အိုးထရက်ဖို့ဒ်တုန်းကလို ထပ်ဖြစ်မှာ စိုးရိမ်နေတာပါ။

တော့တင်ဟမ်ဟော့စပါးနည်းပြသစ် ဟိုဆေးမော်ရင်ဟိုဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ ရှိနေခဲ့တဲဲ့အချိန်တွေ ဘယ်လိုဖြစ်ပြီး ပြီးဆုံးသွားခဲ့လဲဆိုတာနဲ့ပတ်သက်ပြီး စိုးရိမ်ပူပင်နေပြီး လူတွေကို အိုးထရက်ဖို့ဒ်မှာ ၎င်းအနေနဲ့ ဘာတွေမှားခဲ့မိလဲဆိုတာ လိုက်မေးခဲဲ့ကြောင်း ဒါရင်းဖလက်ချာက ပြောကြားခဲ့တယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။

မန်ချက််စတာယူနိုက်တက်အသင်းကနေ ထွက်ခွာခဲ့တာ ၁ နှစ်နီးပါးကြာမြင့်ချိန်မှာ မော်ရင်ဟိုဟာ လက်ရှိအချိန်မှာတော့ ယခုအပတ်အစောပိုင်းမှာ ပိုချက်တီနိုကို အံံ့အားသင့်ဖွယ်ထုတ်ပယ်ခဲ့တဲ့ စပါးအသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်ခံခဲ့ရပြီဖြစ်ပါတယ်။

အိုးထရက်ဖို့ဒ်မှာ မော်ရင်ဟိုရှိနေခဲ့စဉ်တုန်းက ပေါ့ဂ်ဘာ၊ မာရှယ်တို့အပါအဝင် ကစားသမားအချို့နဲ့ ပြဿနာဖြစ်ခဲ့ပြီးနောက် အသင်းကနေ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပြီး စပါးအသင်းမှာ ၎င်းရဲ့ ကစားသမားတွေကို စီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီး မေးခွန်းထုတ်စရာရှိနေတာဖြစ်ပါတယ်။

ဒါပေမယ့် မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပွဲပေါင်း ၃၄၀ ကျော် ပါဝင်ကစားပေးခဲ့တဲ့ ဒါရင်းဖလက်ချာက မော်ရင်ဟိုဟာ အိုးထရက်ဖို့ဒ်မှာ နားလည်လာခဲ့တာနဲ့ပတ်သက်ပြီး စိုးရိမ်ပူပင်နေခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပြီး တော့တင်ဟမ်မှာလည်း တူညီတဲ့အမှားမျိုး ပြုလုပ်ချင်စိတ်မရှိတော့ဘူးလို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ နည်းနည်းကွဲပြားခြားနားတဲ့ ဟိုဆေးကို မြင်တွေ့ရမယ်ထင်ပါတယ်”

“ဟိုဆေးက ရီးရဲမက်ဒရစ်အသင်းရဲ့ အကျိုးသက်ရောက်မှုတွေ ခံခဲဲ့ရပြီး ကစားသမားတွေက နာကျည်းလုနီးပါးဖြစ်ခဲဲ့တယ်လို့ ထင်ပါတယ်။ ပေါ်တို၊ ချယ်ဆီး၊ အင်တာမီလန်အသင်းတွေမှာ ကစားသမားတွေရဲ့နည်းပြ ဖြစ်ခဲ့တုန်းကနဲ့ ကွဲပြားခြားနားခဲ့ပြီး ကစားသမားတွေက ကမ္ဘာကြီးကိုတောင် ရင်ဆိုင်မယ်ဆိုတာမျိုးဖြစ်ခဲ့တယ်။ အဲဒီအသင်းတွေမှာတုန်းက စစ်မှန်တဲ့ရင်းနှီးမှုတွေနဲ့ ဒီလိုမျိုး စိတ်ဓာတ်မျိုးတွေရှိခဲ့တယ်။ ကျွန်တော်တို့ အဲဒါကို မမြင်ရတာ နည်းနည်းကြာသွားခဲ့ပါပြီ”

“သူ ယူနိုက်တက်ကနေ ထွက်ခွာခဲ့ပြီးတဲ့နောက်မှာ သူ လုပ်ခဲ့တာတွေ အချို့က ရောင်ပြန်ဟပ်ခဲ့ပြီး လူအချို့ကို ‘ငါ့ကို အမှန်တရားကို ပြောပါ။ ငါက ဘယ်လိုပုံစံမျိုးဖြစ်နေခဲ့လဲဆိုတာ ပြောပြပါ။ ငါ့ကို တည့်တည့်သာ ပြော’ဆိုပြီး လိုက်မေးခဲ့ပါတယ်”

“ပြီးတော့ အဲဒါက ကျွန်တော့်အတွက်တော့ တစ်စုံတယောက်က သွားနေတဲ့နည်းလမ်းက နည်းနည်းလေး အလှမ်းကွာသွားခဲ့ပြီဆိုတာကို သူ့ကိုယ်သူ ပြန်သိသွားတဲ့ လက္ခဏာပါပဲ”လို့ BBC Five Live ကို ပြောကြားခဲ့ပါတယ််။

Share

က္က