လာမယ့်နွေရာသီမှာ ထွက်ခွာဖို့ နီးစပ်နေပါပြိ။

ပြင်သစ်ကွင်းလယ်လူကတော့ ဒီဇင်ဘာလကစပြီး ယူနိုက်တကအတွက် ပွဲထွက်ကစားပေးနိုင်ခဲ့ခြင်းမရှိဘဲ ဒီရာသီမှာ ၆ပွဲသာ ကစားပေးနိုင်ခဲ့သူဖြစ်ပါတယ်။ 


မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်လူပေါ့ဂ်ဘာဟာ အသင်းကနေထွက်ခွာချင်တယ်လို့ ယူနိုက်တက်အသင်းဖော်တွေကို ပြောဆိုခဲ့ကြောင်း မန်ချက်စတာညနေခင်းသတင်းစာက ဖော်ပြသွားခဲ့ပါတယ်။ ပြင်သစ်ကွင်းလယ်လူကတော့ ဒီဇင်ဘာလကစပြီး ယူနိုက်တကအတွက် ပွဲထွက်ကစားပေးနိုင်ခဲ့ခြင်းမရှိဘဲ ဒီရာသီမှာ ၆ပွဲသာ ကစားပေးနိုင်ခဲ့သူဖြစ်ပါတယ်။ 

ခြေကျင်းဝတ်ဒဏ်ရာကြောင့် အနားယူနေခဲ့ရပြီး ပြန်လည်သက်သာလာခဲ့ပြီးမှ ခွဲစိတ်မှုပြုလုပ်ခဲ့ရတာလည်းဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဖော်တွေကလည်း ပေါ့ဂ်ဘာအနေနဲ့ လက်ရှိမှာ အသင်းအတွက် စိတ်အားထက်သန်မှုမရှိတော့ဘူးလို့ ယုံကြည်နေပြီး အသင်းရဲ့အဓိကကစားသမားတွေကလည်း သူအသင်းကထွက်ခွာမှုက အဝတ်လဲခန်းအတွင်း ပိုမိုကောင်းမွန်လာမယ်လို့လည်း ထင်မြင်နေပါတယ်။ 

အဝတ်လဲခန်းအတွင်းမှာ အသင်းသားတွေကို လွှမ်းမိုးနိုင်စွမ်းရှိတဲ့ ကစားသမားလို့ ပေါ့ဂ်ဘာက လူသိများသူလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့နွေရာသီကာလမှာ ပေါ့ဂ်ဘာက အသင်းကထွက်ခွာဖို့ အချိန်တန်ပြီလို့ လူသိရှင်ကြားပြောဆိုမှုတွေ ပြုလုပ်ထားခဲ့ပြီး ၂၀၁၆ မှာ ဂျူဗီကနေ ပေါင် ၈၉သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ပြင်သစ်ကစားသမားက နောက်ထပ်တစ်ကြိမ် သူ့ရဲ့အပြောင်းအရွှေ့သတင်းတွေကို လှုပ်ခတ်လာစေခဲ့ပါပြီ။

ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ဘရူနိုဖာနန်ဒက်စ်က ယူနိုက်တက်ကို ရောက်ရှိလာခဲ့လို့ ပေါ့ဂ်ဘာကို စိတ်ဝင်စားနေတဲ့ ရီးရဲလ်မက်ဒရစ်နဲ့ အသင်းဟောင်းဂျူဗီအတွက် ခေါ်ယူနိုင်ရေးမျှော်လင့်ချက်တွေက ပိုမိုအားကောင်းလာခဲ့့ပါတယ်။ တိုနီခရူးစ်နဲ့ လူကာမိုဒရစ်တို့က အသက်အရွယ်အရ ကြီးမြင့်လာပြီဖြစ်လို့ ရီးရဲလ်က ကွင်းလယ်ပိုင်းမှာ ပေါ့ဂ်ဘာနဲ့ အင်အားဖြည့်တင်းချင်နေပါတယ်။ 

ဆောင်းရာသီအားလပ်ရက်အတွင်း ယူနိုက်တက်ရဲ့ လေ့ကျင့်ရေးခရီးစဉ်မှာလည်း ပေါ့ဂ်ဘာမပါဝင်ခဲ့ဘူးလို့ သိရပါတယ်။ ပြင်သစ်ကွင်းလယ်ကစားသမားအပေါ် အသင်းပရိသတ်တချို့ကလည်း စိတ်ပျက်လက်ပျက်ဖြစ်နေကြပြီး ကစားသမားရဲ့အေးဂျင့်ရွိုင်အိုလာကလည်း သူ့ကစားသမားနဲ့ပတ်သက်ပြီး အသင်းကို ဝေဖန်မှုတွေပြုလုပ်ခဲ့ကာ ဆက်ဆံရေးဆိုးရွားမှုတွေလည်း ဖြစ်ပေါ်ခဲ့ပါသေးတယ်။ 

Share

က္က