လူငယ်ကစားသမားဘဝမှာ တွဲဖက်ကစားခဲ့ဖူးသူတွေဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ လူငယ်အသင်းမှာ အတူတကွကစားခဲ့ကြသူတွေဖြစ်ပြီး ရာမို့စ်ကတော့ စီနီယာအသင်းကြီးမှာ ကစားပေးထားခြင်းမရှိသူဖြစ်ပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်လူဘရူနိုဖာနန်ဒက်စ်က ယူနိုက်တက်အနေနဲ့ ပေါ်တူဂီကလပ်ဆန်တာကလာရာအသင်းကွင်းလယ်လူဖရန်စစ္စကိုရာမို့စ်ကို ခေါ်ယူစေချင်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ယူနိုက်တက်ကို ရောက်ရောက်ချင်းမှာပဲ ခြေစွမ်းပြနေတဲ့ ဖာနန်ဒက်စ်က ရာမို့စ်နဲ့ တွဲဖက်ကစားချင်နေတာလည်းဖြစ်ပါတယ်။ 

သူတို့နှစ်ဦးဟာ လူငယ်အသင်းမှာ အတူတကွကစားခဲ့ကြသူတွေဖြစ်ပြီး ရာမို့စ်ကတော့ စီနီယာအသင်းကြီးမှာ ကစားပေးထားခြင်းမရှိသူဖြစ်ပါတယ်။ ရာမို့စ်ဟာ ဗစ်တိုးရီးယားဂွီမာရေ့စ်အသင်းကနေ အငှားနဲ့သွားရောက်ကစားနေတာဖြစ်ပြီးတော့ ဗဟိုကွင်းလယ်ကစားသမားအဖြစ် ခြေစွမ်းပြနေတာဖြစ်ပါတယ်။ 

အင်စတာဂရမ်ကတဆင့်ပြုလုပ်ခဲ့တဲ့ အမေးအဖြေကဏ္ဍမှာ ဖာနန်ဒက်စ်ကို သူနဲ့တွဲဖက်ကစားခဲ့ဖူးတဲ့ကစားသမားတွေထဲက အကောင်းဆုံးကစားသမားတစ်ဦးကို ရွေးချယ်ဖို့ မေးမြန်းမှုပါဝင်ခဲ့ပါတယ်။ ဒီမေးခွန်းကို ဖာနန်ဒက်စ်က "ရွေးချယ်ဖို့က အရမ်းခက်ပါတယ်၊ ဘာလို့လဲဆိုတော့ အဝတ်လဲခန်းတွင်းမှာ ကျွန်တော့်သူငယ်ချင်းတွေက အများကြီးပါ"

"ကျွန်တော်ကစားခဲ့သမျှထဲမှာဆိုရင်တော့ ဖရန်စစ္စကိုရာမို့စ်ဖြစ်ပါတယ်" လို့ပြောဆိုပြီး အသင်းဖော်အဖြစ်ကစားချင်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ ဆန်တာကလဲရာအသင်းကတော့ ပေါ်တူဂီလိဂ်မှာ အဆင့် ၉ နေရာမှာ ရပ်တည်နေတဲ့အသင်းဖြစ်ပါတယ်။ ဒါပေမယ့် ဖာနန်ဒက်စ်ကတော့ အသင်းရဲ့ကစားသမားတစ်ဦးချင်းစီက ရိုးရှင်းမှုတစ်ခုစီကိုပဲ တောင်းဆိုခဲ့ပါတယ်။

"ကျွန်တော်တို့က အသင်းကြီးတစ်သင်းဖြစ်ပြီးသားပါ၊ ဘယ်သူပဲရောက်လာလာ နိုင်ပွဲတွေရဖို့ပဲလိုပါတယ်၊ နိုင်ပွဲရဖို့ကိုပဲ အာရုံစိုက်ရမှာဖြစ်ပြီး အားလုံးက ဆုဖလားတွေ၊ အရာအားလုံးကို ရယူနိုင်ဖို့ဆန္ဒရှိနေတာမျိုးကိုပဲ ကျွန်တော်ဖြစ်စေချင်ပါတယ်" လို့ ထပ်မံပြောဆိုခဲ့ကြောင်း Mirror က ဖော်ပြသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က