အီဂါလိုဟာ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရိအထိ ယူနိုက်တက်မှာ ဆက်လက်ရှိနေမယ်လို့ မိုက်မက်ဂါရတ်က သူ့ရဲ့တွစ်တာကတဆင့် အတည်ပြုခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ တိုက်စစ်မှူးအီဂါလိုကို ထပ်မံခေါ်ယူဖို့အတွက် သဘောတူညီမှုရရှိခဲ့ပြီလို့ Telegraph သတင်းဌာနရဲ့ သတင်းထောက်မိုက်မက်ဂါရတ်က ဖော်ပြသွားခဲ့ပါတယ်။ အီဂါလိုဟာ ယူနိုက်တက်မှာ နောက်ထ ၈လကြာထပ်မံရှိနေမယ့် စာချုပ်တစ်ခုကို သဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။
အီဂါလိုအတွက် ဆွေးနွေးမှုတွေကို ပြုလုပ်နေခဲ့ပြီးနောက် စာချုပ်သက်တမ်းကုန်ဆုံးတဲ့နေ့အထိ စာချုပ်သစ်အတွက်တစ်စုံတစ်ရာသတင်းထုတ်ပြန်ခြင်းမရှိတဲ့နောက်မှာ ယူနိုက်တက်ဘက်က မအောင်မမြင်ဖြစ်ခဲ့တယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးထွက်ပေါ်လာခဲ့တဲ့သတင်းအရ ကလပ်အသင်းနှစ်သင်းကြားမှာ သဘောတူညီမှုရရှိခဲ့တာလို့ သိရှိရတာဖြစ်ပါတယ်။
အီဂါလိုဟာ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရိအထိ ယူနိုက်တက်မှာ ဆက်လက်ရှိနေမယ်လို့ မိုက်မက်ဂါရတ်က သူ့ရဲ့တွစ်တာကတဆင့် အတည်ပြုခဲ့ပါတယ်။ ကစားသမားရဲ့ အေးဂျင်ဖြစ်သူ အက်တာအန်နီကီကလည်း သူ့ကစားသမားဟာ ယူနိုက်တက်မှာ နောက်နှစ်ဇန်နဝါရီလအထိ ဆက်ရှိနေမယ့် စာချုပ်သစ်အတွက် ဆွေးနွေးနေတယ်လို့ ပြောဆိုထားခဲ့ပါတယ်။
လက်ရှိမှာတော့ လိုအပ်တဲ့ကိစ္စရပ်တွေကို ဆောင်ရွက်နေပြီး တရားဝင်သတင်းကြေညာချက်ထုတ်ပြန်ဖို့သာ ရှိတော့တာဖြစ်ပါတယ်။ အီဂါလိုအနေနဲ့ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးချိန်မှသာ ရှန်ဟိုင်းရှန်ဟွာနဲ့ စာချုပ်သစ်ကိစ္စဆွေးနွေးဖွယ်ရှိပြီး တရုတ်ကလပ်က သူ့ကို ၂၀၂၄ ခုနှစ်အထိ စာချုပ်ချုပ်ဖို့အတွက် ပြင်ဆင်ထားကြောင်းသိရပါတယ်။