၂၀၂၅ ခုနှစ်အထိ အသင်းမှာဆက်ရှိနေမယ့် စာချုပ်ဖြစ်ပါတယ်။

ယူနိုက်တက်ကွင်းလယ်ပိုင်းမှာ ဘရူနိုဖာနန်ဒက်စ်နဲ့ တွဲဖက်ပြီးတော့ ခြေစွမ်းပြနေတဲ့ ပြင်သစ်ကွင်းလယ်လူကို နည်းပြဆိုးလ်ရှားက အသင်းမှာဆက်လက်ထိန်းသိမ်းထားချင်တာဖြစ်ပါတယ်။ 


မန်ချက်စတာယူနိုက်တက်အသင်းဟာ အဓိကကွင်းလယ်လူပေါ့ဂ်ဘာကို ငါးနှစ်သက်တမး်ရှိတဲ့ စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ နိးစပ်နေပြီလို့ The Sun က ဖော်ပြခဲ့ပါတယ်။ ယူနိုက်တက်ကွင်းလယ်ပိုင်းမှာ ဘရူနိုဖာနန်ဒက်စ်နဲ့ တွဲဖက်ပြီးတော့ ခြေစွမ်းပြနေတဲ့ ပြင်သစ်ကွင်းလယ်လူကို နည်းပြဆိုးလ်ရှားက အသင်းမှာဆက်လက်ထိန်းသိမ်းထားချင်တာဖြစ်ပါတယ်။ 

ပေါ့ဂ်ဘာကိုယ်တိုင်ကလည်း အသင်းရဲ့ရလဒ်နဲ့ ကစားပုံတွေကြောင့် ကျေနပ်နှစ်သိမ့်နေပြီး အသင်းမှာဆက်နေချင်နေပြီလို့ သိရပါတယ်။ ယူနိုက်တက်က ထွက်ခွာချင်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ဖူးတဲ့ ပေါ့ဂ်ဘာဟာ အသင်းမှာ တော်တော်လေးပျော်ရွှင်နေပြီးတော့ လက်မှတ်ထိုးဖို့အတွက် အသင့်ဖြစ်နေပြီလို့တောင် သတင်းတွေကဆိုပါတယ်။ 

ယူနိုက်တက်နဲ့ ပေါ့ဂ်ဘာတို့ရဲ့ စာချုပ်ဟာ နောက်နှစ်မှာ ကုန်ဆုံးမှာဖြစ်ပြီး နောက်ထပ်တစ်နှစ် စာချုပ်သက်တမ်းတိုးဖို့အတွက် သဘောတူညီမှုရရှိထားခဲ့ပါတယ်။ အခုချုပ်ဆိုမယ့် စာချုပ်သစ်အရ ပေါ့ဂ်ဘာကို အသင်းမှာ ၂၀၂၅ ခုနှစ်အထိ ဆက်ရှိနေမှာဖြစ်ပြီး ပေါ့ဂ်ဘာရဲ့ အသက် ၃၂နှစ်အရွယ်အထိ အိုးထရက်ဖို့ဒ်ကို ကိုယ်စားပြုနိုင်မှာလည်းဖြစ်ပါတယ်။ 

ဆောက်သမ်တန််နဲ့ကစားခဲ့တဲ့ပွဲမှာ ပေါ့ဂ်ဘာရဲ့အမှားကြောင့် ဂိုးပေးခဲ့ရပေမယ့်လည်း ယူနိုက်တက်အတွက် အရေးပါတဲ့ကစားသမားအဖြစ်ရှိနေဆဲဖြစ်ပါတယ်။ ပြင်သစ်ကွင်းလယ်လူဟာ ကမ္ဘာ့အဆင့်ခြေစွမ်းကို ပိုင်ဆိုင်ထားသူလို့ သတ်မှတ်ခံထားရပြီး ဆိုးလ်ရှားကိုယ်တိုင်ကလည်း အသင်းရဲ့အနာဂတ်အတွက် ပေါ့ဂ်ဘာက မရှိမဖြစ်လို့ ယူဆနေပါတယ်။ 

လက်ရှိမှာ ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း ပေါ့ဂ်ဘာက ပြန်လည်ရရှိနေပြီး လာမယ့်နှစ်မှာ ပရီးမီးယားလိဂ်ဖလားကို အသင်းအတွက် ရယူပေးနိုင်မယ့်သူလို့လည်း ခန့်မှန်းပေးနေကြပါတယ်။ ယူနိုက်တက်တာဝန်ရှိသူတွေကတော့ ကစားသမားရဲ့အေးဂျင့်ရွိုင်အိုလာကို ဆက်သွယ်မှုတွေပြုလုပ်နေပြီလို့လ်ညး သိရပါတယ်။ 

Share

Loading Next Article...
က္က