ရာထူးကနေ ထုတ်ပယ်ခံရပြီးနောက် ပထမဆုံးအကြိမ် လူသိရှင်ကြားပြောဆိုခဲ့တာပါ။

တော့တင်ဟမ်ဟော့စပါးနည်းပြဟောင်း ပိုချက်တီနိုဟာ စပါးအသင်းရဲ့ နည်းပြရာထူးကနေ ထုတ်ပယ််ခံခဲ့ရပြီး ၎င်းရဲ့နေရာမှာ မော်ရင်ဟိုကို အစားထိုးခန့်အပ်ခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်ပြီလို့ Metro က ဖော်ပြခဲ့ပါတယ်။

ပိုချက်တီနိုဟာ တော့တင်ဟမ်ဟော့စပါးအသင်းကို ပရီးမီးယားလိဂ်မှာ လေးနှစ်ဆက်တိုက် ထိပ်ဆုံးလေးနေရာဝင်ရောက်နိုင်အောင် နည်းပြပေးနိုင်ခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ တက်ရောက်နိုင်အောင် စွမ်းဆောင်ပေးခဲ့သူဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းဟာ ၂၀၁၉-၂၀၂၀ ရာသီအစမှာ ဆိုးရွားတဲ့ရလဒ်တွေနဲ့ ကြုံတွေ့ခဲ့ရပြီးနောက် ပိုချက်တီနိုကို ထုတ်ပယ်ခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်၊ ချယ်ဆီးနည်းပြဟောင်း မော်ရင်ဟိုကို နည်းပြသစ်အဖြစ် ဆက်တိုက်ဆိုသလို ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

လိဂ််မန်နေဂျာအစည်းအရုံးက ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ ပိုချက်တီနိုက တော့တင်ဟမ်ဟော့စပါးနည်းပြရာထူးကနေ ထုတ်ပယ်ခံရပြီးနောက် ပထမဆုံး ပရိသတ််တွေအတွက် စကားသံကို ဖွင့်ဟခဲ့တာဖြစ်ပါတယ်။

“ကျွန်တော့်ကို တော့တင်ဟမ်ဟော့စပါးရဲ့ သမိုင်းမှာ တစ်စိတ်တပိုင်းအဖြစ် ပါဝင်ခွင့်ရအောင် အခွင့်အရေးပေးခဲ့တဲ့ ဂျိုးလူးဝစ်နဲ့ ဒန်နီရယ်လီဗိုင်းတို့ကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်”

“တော့တင်ဟမ်ဟော့စပါးအသင်းမှာ ၅ နှစ်ခွဲကာလအတွင်း ဆုံတွေ့ခဲ့ရတဲ့ အသင်းဝန်ထမ်းအားလုံး၊ ကစားသမားတွေအားလုံးနဲ့ လူတိုင်းကိုလည်း ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်”

“နောက်ဆုံးမှာ ကျွန်တော် အထူးကျေးဇူးတင်ချင်တာကတော့ ဒီအသင်းကို သူတို့ရဲ့ အံ့အားသင့်ဖွယ်အားပေးထောက်ခံမှုနဲ့ အရမ်းကြီးကျယ်ခမ်းနားအောင် ပြုလုပ်ပေးခဲ့တဲ့ ပရိသတ်တွေကို ဖြစ်ပါတယ်”

“ကျွန်တော်တို့ရဲ့ ပထမဆုံးတွေ့ဆုံမှုမှာ တောင်းဆိုခံခဲ့ရတဲ့ ရည်မှန်းချက်ပန်းတို်င်ကို ပြီးမြောက်နိုင်ဖို့ ကျွန်တော့်ရဲ့ အကောင်းဆုံးဆိုတာတွေပဲ ပေးခဲ့ပါတယ်။ စိတ်လှုပ်ရှားစရာအောင်မြင်မှုတွေရခဲ့သလို ခက်ခဲတဲ့ စိန်ခေါ်မှုတွေလည်း အညီအမျှရှိခဲ့့ပါတယ်”

“အနာဂတ်အတွက် အကောင်းဆုံးဆုတောင်းပေးခဲ့ပါတယ်။ ကျွန်တော်တို့တွေ နောက်ထပ်တစ်ကြိမ် မျက်နှာချင်းဆိုင် တွေ့ဦးမယ်ဆိုတာ ကျွန်တော် သေချာသိနေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Share

က္က