အင်စတာဂရမ် တိုက်ရိုက်ထုတ်လွှင့်မှုမှာ ပြုလုပ်ခဲ့တာပါ။

အသက် ၂ဝအရွယ်ရှိနေပြီဖြစ်တဲ့ ဆန်ချိုဟာ ဒီရာသီမှာ ဒေါ့မွန်အတွက် ပြိုင်ပွဲစုံ ၃၅ ပွဲကစားပေးခဲ့ပြီးနောက် ၁၇ ဂိုးသွင်းယူကာ ၁၉ ကြိမ်အထိ ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းရဲ့ စိတ်ဝင်စားမှုကို ရရှိနေတဲ့ ဒေါ့မွန်တောင်ပံကစားသမားဆန်ချိုဟာ ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ အလားအလာရှိတဲ့ အနေအထားတစ်ခုကို ဟာသသဘောဆန်ဆန်ပြုလုပ်ပြသွားခဲ့ပါတယ်။ ဒေါ့မွန်ကစားသမားကို လာမယ့်နွေရာသီမှာ ပေါင်သန်း ၁၂၀ နဲ့ ခေါ်ယူသွားဖို့ ယူနိုက်တက်က ကြိုးစားနေတာလည်းဖြစ်ပါတယ်။ 

ဆန်ချိုကိုယ်တိုင်ကလည်း ဒေါ့မွန်ကနေ ထွက်ခွာဖို့ကို မျှော်လင့်နေတယ်လို့ သိရပြီး ၂၀၁၇ မှာ မန်စီးတီးက ထွက်ခွာခဲ့ပြီးနောက် အင်္ဂလန်ကို ပြန်လည်ပြောင်းရွှေ့ချင်နေတာဖြစ်ပါတယ်။ ဒေါ့မွန်ကလည်း ကစားသမားကသာ ဆန္ဒရှိတယ်ဆိုပါက အသင်းကနေ ထွက်ခွာခွင့်ပြုသွားမယ်လို့ အသိပေးပြောဆိုထားပြီး သူတို့တောင်းဆိုထားတဲ့ ငွေကြေးပမာဏကိုတော့ ပေးချေရမယ်လို့ သတိပေးခဲ့ပါတယ်။ 

ဆန်ချိုဟာ မနေ့ကညနေပိုင်းမှာ အင်စတာဂရမ်ကတဆင့် Live လွှင့်ကာ ပရိသတ်တွေနဲ့ စကားပြောဆိုခဲ့ပါတယ်။ သူ့ရဲ့တိုက်ရိုက်ထုတ်လွှင့်မှုကို ပရိသတ်အများအပြားက ဝင်ရောက်ကြည့်ရှုခဲ့ပြီးတော့ မှတ်ချက်ပြုမှုတွေအသီးသီးပြုလုပ်ခဲ့ကြပါတယ်။ ပရိသတ်တစ်ဦးက "ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့မယ်ဆိုရင် ရေသောက်ပြပါလား" လို့ ရေးသားကာ တောင်းဆိုခဲ့ပါတယ်။ 

ဒီမှတ်ချက်ပြုမှုနောက်မှာတော့ ဆန်ချိုဟာ ရေသောက်နေခဲ့တာကို တွေ့ရပြီး ဒီအပြုအမူဟာ အဆိုပါပရိသတ်ရဲ့ ပြောဆိုမှုကို တုံ့ပြန်တာလားဆိုတာ မသေချာပေမယ့်လည်း ယူနိုက်တက်ပရိသတ်တွေကတော့ ဆန်ချိုရဲ့ တုံ့ပြန်မှုက ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ အရိပ်အမြွက်ပြသခဲ့တာလို့ မှတ်ယူခဲ့ကာ "မန်ချက်စတာယူနိုက်တက်ကနေ ကြိုဆိုပါတယ်" ၊ "သူ အိမ်ကို ပြန်လာတော့မယ့်" စသဖြင့် ထပ်မံရေးသားသွားခဲ့ပါတယ်။ 

အသက် ၂ဝအရွယ်ရှိနေပြီဖြစ်တဲ့ ဆန်ချိုဟာ ဒီရာသီမှာ ဒေါ့မွန်အတွက် ပြိုင်ပွဲစုံ ၃၅ ပွဲကစားပေးခဲ့ပြီးနောက် ၁၇ ဂိုးသွင်းယူကာ ၁၉ ကြိမ်အထိ ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ အာဆင်နယ်ကွင်းလယ်လူဟောင်းနဲ့ Sky Sports မှာ ခန့်မှန်းသုံးသပ်သူအဖြစ်ဆောင်ရွက်နေတဲ့ ပေါလ်မာဆွန်ကလည်း ယူနိုက်တက်ဟာ ကိုရိုနာဗိုင်းရပ်စ်ပြသနာတွေအပြီးမှာ ဆန်ချိုကို ခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ 

Share

Loading Next Article...
က္က