ယုန်လေးကို ရုပ်ရှင်အစည်းအရုံးကနေ ထုတ်ပယ်လိုက်တယ်ဆိုတဲ့ သတင်းတွေ အပေါ် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအမှုဆောင်အဖွဲ့ဝင် ဦးဝင်းမြိုင်က အခုလို ပြောပြလာပါတယ်။
Photo: Win Myaing
သရုပ်ဆောင်၊ ဒါရိုက်တာ၊ အဆိုတော် ယုန်လေးကို ရုပ်ရှင်အစည်းအရုံးမှ ထုတ်ပယ်လိုက်ပြီဆိုတဲ့ သတင်းဟာ သြဂုတ်လ (၅) ရက်နေ့ ညက လူမှုကွန်ယက် စာမျက်နှာပေါ်မှာ ပြန့်နှံ့ခဲ့ပါတယ်။ ဒီသတင်းဟာ အမှားတစ်ခုသာဖြစ်ကြောင်း ရုပ်ရှင်အစည်းအရုံး အမှုဆောင်အဖွဲ့မှ ဦးဝင်းမြိုင်က Duwun ကနေ ဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာ အခုလို ဖြေဆိုခဲ့ပါတယ်။
“ ဒီကိစ္စအပေါ် မူတည်ပြီးတော့ အကုန်လုံး ဆွေးနွေးနေကြပါတယ်။ ကိုယုန်လေးကို အစည်းအရုံးက ထုတ်ပယ်မယ်ဆိုတာက သတင်းအမှားတွေပါ။ ဒီကိစ္စအတွက် ဘာမှ လုပ်လို့မရသေးပါဘူး။ သူ့ကိုလည်း ဒီအတိုင်းထုတ်ပယ်လို့ မရသေးဘူး။ အမှုဆောင် အစည်းအဝေးဆိုတာ လုပ်ရဦးမယ် ဒါတွေကို တင်ပြပြီးတော့မှ ဘာလုပ်သင့်တယ်ဆိုတာတွေကို အကုန်လုံးရဲ့ သဘောတူညီမှုနဲ့ ထုတ်ပြန်လို့ရမှာပါ။ အခုထွက်နေတဲ့ သတင်းတွေက အမှားတွေပါ။ ကောလာဟလ ထွက်နေကြတာပါ” လို့ သူက ဆိုပါတယ်။
Photo: Yone Lay
“ ငါတို့ အားလုံးရဲ့ မြေ” MTV ထဲမှာ ဦးဝင်းမြိုင်က စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ထားတာကိုလည်း တွေ့ရပါတယ်။ ဦးဝင်းမြိုင်ဟာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကြီးရဲ့ အမှုဆောင် တစ်ယောက်အနေနဲ့ Covid ကာလအတွင်းမှာ ယင်း MTV ရိုက်ကူးခဲ့မှု အပေါ် ပရိသတ်များစွာတို့က ဝေဖန်နေကြပါတယ်။ ဒီ ဝေဖန်မှုတွေ အပေါ် ဦးဝင်းမြိုင်က အခုလို ပြောပြခဲ့ပါတယ်။
Photo: Win Myaing
ဦးဝင်းမြိုင်ကိုတော့ ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင် တစ်ဦးအဖြစ် ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာဖြစ်ပါတယ်။ သူကို ပရိသတ်တွေ အများဆုံး သတိထားမိခဲ့တဲ့ ဇာတ်ဝင်ခန်းတွေကတော့ မင်းသား၊ မင်းသမီးတွေရဲ့ အဖေ ၊ ဦးလေး၊ အိမ်ထိန်းတော်၊ ရပ်ကွက်ဥက္ကဌ စတဲ့ ကာရိုက်တာတွေနဲ့ ပရိသတ်တွေ သိခဲ့တာပါ။ လက်ရှိမှာလည်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက တာဝန်တွေကိုလည်း ထမ်းဆောင်နေတာဖြစ်သလို၊ ရုပ်ရှင်ဇာတ်ကားတွေလည်း ရိုက်ကူးနေတာ တွေ့ရပါတယ်။