ဩစတြီးယားကလပ်အသင်းမှာ ကစားခွင့်ရရှိမှာဖြစ်ပါတယ်။

ဗီယက်နမ်ရဲ့ အကောင်းဆုံးကစားသမားလို့ ကျော်ကြားနေတဲ့ ငုယက်ကွမ်ဟိုင်ဟာ ဩစတြီးယားနာမည်ကျော်ကလပ် LASK ကို သွားကစားဖို့ မူအားဖြင့် သဘောတူညီမှုရသွားခဲ့ပြီဖြစ်ပါတယ်။ မေလအတွင်းမှာ စာချုပ်ချုပ်ဆိုသွားမယ်လို့သိရပြီး လက်မှတ်ရေးထိုးဖို့သာ ကျန်ရှိတော့တယ်လို့လည်း ဆိုပါတယ်။ 

ဥရောပဘောလုံးပရိသတ်တွေနဲ့ မစိမ်းတဲ့ LASK က ဩစတြီးယားမှာ အဆင့်တခုရှိတဲ့အသင်းဖြစ်ပါတယ်။ ယူရိုပါလိဂ်ပြိုင်ပွဲကို ဝင်ကစားဖူးပြီး မန်ချက်စတာယူနိုက်တက်နဲ့တောင် ရင်ဆိုင်ခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း ဒီရာသီမှာ အနည်းငယ်ရုန်းကန်နေရပြီး ကစားသမားအနေနဲ့ လက်ကျန်ရာသီဝက်ကို သွားကစားရမှာဖြစ်ကာ သူ့ခြေစွမ်းပေါ်မူတည်ပြီး အပြီးသတ်စာချုပ်ချုပ်၊မချုပ်ဆိုတာကို ဆုံးဖြတ်သွားမှာပါ။ 

ဗီယက်နမ်ကလပ်ဟနွိုင်းမှာ ကစားနေတဲ့ ကွမ်ဟိုင်က အသက် ၂၄ နှစ်သာရှိသေးပြီး အာဆီယံဒေသရဲ့အကောင်းဆုံးကစားသမားစာရင်းထဲမှာ ပါဝင်ခဲ့သူပါ။ ဗီယက်နမ်နဲ့လည်း အောင်မြင်မှုတွေရယူနိုင်ခဲ့သူဖြစ်ပြီး အသင်းရဲ့ အဓိကအကျဆုံးကွင်းလယ်တိုက်စစ်ကစားသမားလည်း ဖြစ်ပြီး ဟနွိုင်းက သူ့ကို စာချုပ်သစ်ချုပ်ဆိုဖို့ ကြိုးစားခဲ့ပေမယ့် ကစားသမားက ဥရောပမှာ သွားကစားချင်လို့ ငြင်းဆန်ခဲ့တယ်လို့လည်း သိရပါတယ်။ 

အလွတ်တည်ကန်ဘောတွေကောင်းမွန်ပြီး ပေးပို့မှု၊ အမြင်စူးရှမှုတွေကြောင့် ဒီကစားသမားက အာဆီယံရဲ့ ထိပ်တန်းကစားသမားတဦးအဖြစ် ရပ်တည်နိုင်ခဲ့တာပါ။ ဗီယက်နမ်နဲ့အတူ ၂၀၁၈ အေအက်ဖ်အက်ဖ်ဖလား၊ ၂၀၁၉ ဆီးဂိမ်းရွှေ၊ ကမ္ဘာ့ဖလားခြေစစ်ပွဲနောက်ဆုံးအဆင့်တွေကို တက်ရောက်နိုင်ခဲ့ပြီး ဗီယက်နမ်ဘောလုံးရွှေခေတ်မှာ အဓိကကျတဲ့ ကစားသမားတဦးဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က