ဘာစီလိုနာမှာ ဒီဂျောင် ပွဲထွက်ခွင့်နည်းပါးနေတာကို စိတ်ပျက်နေတာပါ။

နယ်သာလန်နည်းပြဗန်ဂါးလ်ကတော့ ပြီးခဲ့တဲ့အပြောင်းအရွှေ့ကာလမှာ သူ့ရဲ့လက်ရွေးစင်အသင်းသားတွေ အကြံဉာဏ်ပေးမှုတွေကို ပြုလုပ်ခဲ့ပါတယ်။ အထူးသဖြင့် မန်ချက်စတာယူနိုက်တက်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားခြင်းခံရတဲ့ ဟော်လန်ကစားသမားတွေက ဗန်ဂါးလ်ဆီက အကြံဉာဏ်တောင်းဆိုခဲ့ကြရာမှာ ဟော်လန်နည်းပြက မပြောင်းရွှေ့စေချင်တဲ့အနေအထားနဲ့ အကြံဉာဏ်ပေးမှုတွေ လုပ်ခဲ့ပါတယ်။ 

ယူနိုက်တက်ကို ပြောင်းရွှေ့ကစားမယ်ဆိုရင် ပွဲထွက်ကစားခွင့်နည်းပါးနိုင်ပြီး အဲဒီလိုဖြစ်လာခဲ့မယ်ဆိုရင် ကမ္ဘာ့ဖလားမှာ ဟော်လန်နဲ့အတူ လိုက်ပါခွင့်ရမှာမဟုတ်ဘူးလို့ အဓိပ္ပာယ်သက်ရောက်တဲ့စကားတွေကို ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒီအတွက်ကြောင့်လည်း ယူနိုက်တက်ဟာ အေဂျက်ဇ်နောက်ခံလူတင်ဘားနဲ့ PSV တိုက်စစ်ကစားသမားဂတ်ပိုတို့ကို ခေါ်ယူဖို့ကြိုးစားရာမှာ အဆင်မပြေဖြစ်ခဲ့ရပါတယ်။ 

ဒါပေမယ့် နယ်သာလန်ရဲ့ နေးရှင်းလိဂ်ပွဲနဲ့ပတ်သက်ပြီး မနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ဗန်ဂါးလ်က သူ့ကစားသမားတချို့ ပွဲထွက်ခွင့်နည်းပါးတာကို စိတ်ပျက်မိတယ်လို့ ဖွင့်ဟသွားခဲ့ပါတယ်။ ဘာစီလိုနာက ဒီဂျောင်န​ဲ့ ဒီပိုင်းတို့က နူးကမ့်မှာ ပွဲထွက်ခွင့်နည်းပါးနေတာဖြစ်ပြီး ဒီဂျောင်ကတော့ ယူနိုက်တက်ရဲ့ အထူးစိတ်ဝင်စားမှုကိုရရှိခဲ့ပေမယ့် ဘာကာမှာဆက်နေဖို့ပဲ ရွေးချယ်ခဲ့သူဖြစ်ပါတယ်။ 

အဆိုပါအကြောင်းကို မေးမြန်းရာမှာ ဗန်ဂါးလ်က "မုန်တိုင်းကပြီးသွားပြီဆိုတော့ ကျေနပ်စရာလို့ပြောရပါမယ်၊ ဒါပေမယ့် အခုတော့ သူတို့တွေ ပုံမှန်ကစားနေကြပါပြီ၊ ဒီဂျောင်နဲ့ ဒီပိုင်းသာ အခုထက်ပိုပြီးတော့ ကစားခွင့်ရမယ်ဆိုရင် ကျနော်ပိုပျော်မိမှာပါ၊ အပြောင်းအရွှေ့ကာလထဲမှာ အရာရာတိုင်းက အဆင်မပြေနိုင်ဘူးလို့ ကျနော်မပြောခဲ့ပါဘူး၊ ကစားသမားအများကြီးပဲ ကျနော့်ကို ဖုန်းဆက်သွယ်ပြီး အကြံတောင်းခဲ့ကြပါတယ်"

"ဒါက အကြံဉာဏ်ပဲနော်၊ မင်းကိုယ်တိုင် အမြဲတမ်းနီးနီးကပ်ကပ်နေပြီး ကိုယ့်အတွက်ကိုယ် ရွေးချယ်မှုလုပ်သင့်တယ်လို့ပဲ ပြောပြီး စကားပြောတာကို ကျနော် အဆုံးသတ်ခဲ့တာချည်းပါပဲ" လို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ဗန်ဂါးလ်ကတော့ သူ့ဟော်လန်လက်ရွေးစင်တွေကို သူကိုင်တွယ်ခဲ့ဖူးတဲ့ အသင်းဟောင်းယူနိုက်တက်ဆီ မပြောင်းရွှေ့ဖို့ တားဆီးခဲ့တယ်လို့သာ အများစုက ယူဆနေခဲ့ကြပါတယ်။ 

Share

Loading Next Article...
က္က