၀န်ဆောင်မှုစရိတ်ဆိုပြီးတော့ နေ့စဉ်ကားတစ်စီးကို ကျပ် ၅၀၀၀ ကောက်ခံတယ်လို့ ပြောပါတယ်။

YUPT ကုမ္ပဏီက ယာဉ်ပိုင်ရှင်တွေဆီကနေ ကောက်ခံတဲ့ CCTV ဖိုးနဲ့ငွေပုံးဖိုး တန်ဖိုးတွေများနေတာကြောင့် ဝန်ကြီးချုပ်နဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို တိုင်ကြားထားတယ်လို့ ယာဉ်ပိုင်ရှင်တစ်ဦးက Duwun ကိုပြောပါတယ်။


(YUPT အောက်တွင်ပြေးဆွဲနေသည့် ယာဉ်လိုင်းအချို့)

၂၀၁၇ ခုနှစ်၊ စက်တင်ဘာလမှစပြီး မော်တော်ယာဉ်တွေကို CCTV နဲ့ ငွေပုံးတပ်ဆင်ရမယ်လို့ ညွှန်ကြားထားခဲ့ပြီးနောက် စက်တန်ဖိုး (၁၂)သိန်းကျော်နဲ့ ငွေပုံးတန်ဖိုး (၆)သိန်းကျော် ပေးချေရတာဖြစ်ပြီး နေ့စဉ် ယာဉ်လိုင်းပြေးဆွဲမှုမှ ရရှိတဲ့ငွေကြေးကနေ ၁၀ ရာခိုင်နှုန်းကို စက်တင်ဘာလအထိ ဖြတ်တောက်ခဲ့တယ်လို့ တိုင်ကြားထားပါတယ်။

 “၂၀၁၇ ကိုးလပိုင်းလောက်ကတည်းက ကားကို CCTV တွေ၊ ပုံးတွေစတပ်တယ်။ ပုံးက ခြောက်သိန်းကျော်၊ CCTV က၁၂ သိန်းကျော်ကျတယ်။နှစ်ခုပေါင်း ဆယ့်ရှစ်သိန်းကျော်ကျတယ်။ ဈေးမျာတယ်လို့ ကျွန်တော်တို့က ထင်တယ်။ အဲ့ဟာကို တစ်နေ့ဆွဲလို့ရတဲ့ ဝင်ငွေရဲ့ ၁၀ ရာခိုင်နှုန်းဖြတ်တယ်။ တချို့ကားတွေဆိုရင် သိန်း ၂၀ ပိုတယ်။ ပိုတဲ့ဟာတွေကို ကျွန်တောတို့ကို ပြန်လည်းမပေးဘူး။ စာရင်းရှင်းတာလည်းမရှိဘူး။ စတပ်ကတည်းက ရှင်းမပြဘူး” လို့ တိုင်ကြားသူ ယာဉ်ပိုင်ရှှင်ဦးထင်ကျော်က ပြောပါတယ်။


တိုင်ကြားစာ (Photo - Thaung Han)

၁၀ ရာခိုင်နှုန်းကောက်ခံမှု ပြီးဆုံးတဲ့အခါမှာလည်း ဝန်ဆောင်မှုစရိတ်အဖြစ် နေ့စဉ်ကားတစ်စီးကို ကျပ် ၅၀၀၀ ကောက်ခံတယ်လို့ ဆိုပါတယ်။ “ အားလုံးကို ပြန်ရှင်ပေးမှာပဲ။ စာရင်းစစ်က စစ်နေတုန်း။ စစ်နေတုန်းမို့လို့ပါ။ ပြီးရင်တော့ ရှင်းပေးမှာပဲ။” လို့ YUPT မှ အထွေထွေမန်နေဂျာ ဦးမောင်မောင်လွင်က Duwun ကို ထိုဖြစ်စဉ်နဲ့ပတ်သတ်ပြီး ပြောခဲ့ပါတယ်။

ယာဉ်လိုင်းတွေ ဝင်ငွေကျဆင်းနေချိန်မှာ ဝန်ဆောင်ခ တစ်နေ့လျှင် ငါးထောင်ကျပ် ကောက်ခံနေမှုက ယာဉ်ပိုင်ရှင်တွေအတွက် များစွာအခက်အခဲဖြစ်စေပြီး ပိုလျှံတဲ့ ငွေတွေနဲ့ နစ်နာဆုံးရှုံးရတဲ့ ငွေတွေကို ပြန်လည်ရရှိဖို့ အတွက် အရေးယူပေးရန် တိုင်ကြားခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က