မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်း ဂျိုနသန်စပက်တာက ၎င်းရဲ့အသင်းဖော်ဟောင်းဖြစ်တဲ့ ခရစ်စတီယာနိုရော်နယ်ဒိုရဲ့အကြောင်းကို ပြောကြားခဲ့ပြီး အိုးထရက်ဖို့ဒ်မှာ စိတ်ပျက်စရာကစားသမားတစ်ဦးအဖြစ် မြင်တွေ့ခဲ့ရတယ်လို့ ပြောကြားခဲ့ကြောင်း Soccerladuma ရဲ့ဖော်ပြချက်အရ သိရပါတယ်။
ပရီးမီးယားလိဂ်ထိပ်သီးအသင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်ကို ရော်နယ်ဒိုဟာ ဆယ်ကျော်သက်လူငယ်ကစားသမားအဖြစ်နဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ပထမဆုံးရာသီအနည်းငယ်ဟာ ရော်နယ်ဒိုအတွက် အလွန်ခက်ခဲခဲ့ပါတယ်။ ရော်နယ်ဒိုရဲ့အသင်းဖော်ဟောင်းဖြစ်တဲ့ ဂျိုနသန်စပက်တာက ရော်နယ်ဒိုဟာ ပြီးပြည့်စုံတဲ့ ကစားသမားထုတ်ကုန်ဖြစ်လာချိန်မှာ အသင်းဖော်တွေနဲ့ ပရိသတ်တွေကို စိတ်ပျက်စရာ ဖြစ်စေခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
“သူက စိတ်ပျက်စရာကစားသမားဖြစ်ခဲ့ပါတယ်။ သူ့မှာအရည်အချင်းတွေအများကြီးရှိတာ ခင်ဗျား မြင်နိိုင်ပါတယ်။ ဒါပေမယ့် သူက အခုအထိ ပြီးပြည့်စုံတဲ့ထုတ်ကုန်မဖြစ်သေးပါဘူး။ သူ ဒီနေ့လိုကစားသမားဖြစ်လာဖို့အတွက် အများကြီးအကြွေးတင်နေတယ်လို့ ထင်ပါတယ်။ နည်းပြတစ်ဦးတည်းကိုပဲမဟုတ်ဘဲ သူ့ရဲ့ဘေးနားပတ်ပတ်လည်မှာ ရှိနေတဲ့ကစားသမားတွေကိုရောပါ”
“ဆာအဲလက်စ်က သူ့ဘေးနားမှာ ကူညီနိုင်တဲ့ကစားသမားတွေ အသင်းမှာရှိအောင် ကောင်းမွန်တဲ့အလုပ်ကို လုပ်နိုင်ခဲ့ပါတယ်။ သူ့ဘေးနားက ကစားသမားတွေအားလုံးကို ပိုကောင်းမွန်တဲ့ကစားသမားဖြစ်အောင် လုပ်ခဲ့ပါတယ်”
“သူ့ကို ပြီးပြည့်စုံတဲ့ထုတ်ကုန်ဖြစ်အောင် ပြုလုပ်ဖို့အတွက် သူရဲ့ခြေစွမ်း ဖွံ့ဖြိုးတိုးတက်လာဖို့ စီစဉ်ထားတဲ့ နှစ်တွေရှိခဲ့ပါတယ်။ သူ့အတွက် မန်ချက်စတာယူနိုက်တက်ထက် ပိုကောင်းမွန်တဲ့နေရာမရှိခဲ့ဘူးလို့ ကျွန်တော် ထင်ပါတယ်”
“သူ့ရဲ့ နောက်ဆုံးဘောလုံးပေးပို့မှုက တော်တော်လေး တိတိကျကျမရောက်တာကို ခင်ဗျား မြင်တွေ့ခဲ့မှာပါ။ အဲဒီအချိန်တုန်းက ရုဒ်ဗန်နစ္စတယ်ရွိုင်းက တကယ်စိတ်ပျက်နေခဲ့တာကို ခင်ဗျား မြင်တွေ့ခဲ့မှာပါ။ ဘာလို့လဲဆိုတော့ ရော်နယ်ဒိုက သူ့အတွက် ပင်နယ်တီဧရိယာထဲကို ဘောလုံးပေးပို့မယ်ဆိုရင် သူ ခြေလှမ်းဘယ်လောက်လှမ်းရမလဲဆိုတာ မသိလို့ပါ။ ဒါပေမယ့် ဘောလုံးအပေါ်မှာ သူ့ရဲ့အရည်အသွေး၊ တစ်ဦးချင်း ကျော်ဖြတ်နိုင်မှုက သူဟာ အရမ်းကိုထူးခြားတဲ့ကစားသမားဖြစ်လာလိမ့်မယ်ဆိုတာ ရှင်းရှင်းလင်းလင်း မြင်စေခဲ့ပါတယ်”လို့ Americangambler.com ကို ပြောကြားခဲ့ပါတယ်။