အဆိုးရွားဆုံးရာသီအစကို ရင်ဆိုင်နေရတာပါ။

ဒန်နီမာဖီက မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အိုလီဂန်းနားဆိုးလ်ရှားတို့ဟာ ပြီးခဲ့တဲ့နွေရာသီမှာ အလက်ဆစ်ဆန်းချက်ဇ်ကို ထွက်ခွာခွင့်ပြုခဲ့တာက အမှားကြီးလုပ်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်း Metro က ဖော်ပြခဲ့ပါတယ်။

ချီလီလက်ရွေးစင်ကြယ်ပွင့် ဆန်းချက်ဇ်ဟာ ၂၀၁၈ ခုနှစ် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အိုးထရက်ဖို့ဒ်ကို အာဆင်နယ်အသင်းကနေ ရောက်ရှိလာခဲ့သူဖြစ်ပြီး အမ်ခီတာယန်းနဲ့ အလဲအလှယ်ပြုလုပ်ခြင်း ခံခဲ့ရသူ ဖြစ်ပါတယ်။

ဒါပေမယ့် အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ ဆန်းချက်ဇ်ဟာ ယူနိုက်တက်နည်းပြဟောင်း မော်ရင်ဟိုလက်ထက်မှာရော နည်းပြသစ်ဖြစ်လာတဲ့ ဆိုးလ်ရှားလက်ထက်မှာပါ ရုန်းကန်ခဲ့ရပြီး ပြီးခဲ့တဲ့နွေရာသီမှာ ယူနိုက်တက်က ဆန်းချက်ဇ်ကို အင်တာမီလန်အသင်းထံ အငှားချလိုက်တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းသမိုင်းတလျှောက် အဆိုးရွားဆုံးရာသီအစကို ကြုံတွေ့နေရတာဖြစ်ပြီး ဒန်နီမာဖီက လူကာကူကို ရောင်းထုတ်ခဲ့တဲ့အပေါ်မှာ မေးခွန်းထုတ်ခဲ့သလို ဆန်းချက်ဇ်ကို ထွက်ခွာခွင့်ပြုတာကလည်း အမှားကြီးလုပ်ခဲ့တာလို့ ပြောခဲ့ပါတယ်။



“တကယ်မေးဖို့ လိုအပ်တဲ့မေးခွန်းအချို့က လူကာကူနဲ့ ဆန်းချက်ဇ်တို့ ၂ ဦးစလုံးကို အစားထိုးစရာကစားသမားမရှိဘဲ ယူနိုက်တက်က ဘယ်လိုဖြစ်ပြီး ရောင်းထုတ်လိုက်တာလဲဆိုတာပါ”

“သူတို့ကို ရောင်းချပြီးတော့ အသင်းက တောင့်တင်းမှုနဲ့ ကစားအားပြင်းထန်မှုမရှိတော့ဘူး။ အဲဒီတော့ သူတို့တွေ ပြောင်းလဲနိုင်တာ အများကြီးမရှိတော့ပါဘူး”

“ဆန်းချက်ဇ်ကို ထွက်ခွာခွင့်ပေးလိုက်တာက အမှားကြီးလုပ်ခဲ့တာပဲ။ သူ ယူနိုက်တက်မှာ အကောင်းဆုံးအချိန်တွေ မရခဲ့ပါဘူး။ ဒါပေမယ့် အဲဒီကိစ္စမှာ မော်ရင်ဟိုက ကြီးမားတဲ့အစိတ်အပိုင်းမှာ ပါဝင်ခဲ့တယ်လို့ ကျွန်တော် ခံစားရပြီး ဒီရာသီက သူ့အတွက် ရာသီသစ်ဖြစ်ခဲ့ရမှာပါ”

“ယူနိုက်တက်သာ နိုင်ငံတကာအားလပ်ရက်အပြီး လီဗာပူးအသင်းရဲ့ အနိုင်ယူခြင်းကို ပြင်းပြင်းထန်ထန်ခံရမယ်ဆိုရင် ဆိုးလ်ရှားတော့ ပြဿနာအကြီးကြီးတက်ပါလိမ့်မယ်”လို့ Sportingbet ကို ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က