ဂျူဗင်တပ်အတွက် စီးရီးအေဖလား ၅ နှစ်ဆက်ရယူပြီးနောက် နုတ်ထွက်ခဲ့သူပါ။

ဂျူဗင်တပ်နည်းပြဟောင်း အယ်လီဂရီဟာ ပရီးမီးယားလိဂ်အသင်းတစ်သင်းကို ပထမဆုံးအကြိမ် မကိုင်တွယ်မီမှာ အချိန်ယူပြီး အနားယူချင်သေးတယ်လို့ သိရပြီး မန်ချက်စတာယူနိုက်တက်နဲ့သတင်းတွေထွက်ပေါ်နေချိန်မှာ ရာသီကုန်အထိ စောင့်ဆိုင်းချင်နေတယ်လို့ Metro ရဲ့ဖော်ပြချက်အရ သိရပါတယ်။

အယ်လီဂရီဟာ ဂျူဗင်တပ်အသင်းနဲ့ စီးရီးအေဖလား ၅ ကြိမ်ကိုင်မြှောက်နိုင်ခဲ့ပြီး အောင်မြင်တဲ့ရာသီ ၅ ရာသီကို အတူတူကျော်ဖြတ်ခဲ့ပြီးနောက် တူရင်မြေကို စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ နောက်ထပ်ကိုင်တွယ်မယ့်အသင်းအတွက် စီစဉ်နေတယ်လို့ သိရပြီး ပရီးမီးယားလိဂ်အသင်းကို ကိုင်တွယ်သွားဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။



ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ရာမှာ အဆင်ပြေချောမွေ့စေဖို့အတွက် အင်္ဂလိပ်စာကို သင်ကြားနေပြီဖြစ်တယ်လို့ သိရပေမယ့် ရာသီဝက်မှာတော့ နည်းပြအဖြစ် တာဝန်ယူကိုင်တွယ်သွားဖို့ စိတ်မဝင်စားဘူးလို့ သိရပါတယ်။

The Sun ရဲ့ဖော်ပြချက်အရ အယ်လီဂရီဟာ တစ်နေ့တစ်နေ့ စိတ်ဖိစီးမှုတွေကြုံတွေ့ရတဲ့ နည်းပြအလုပ်ကို ပြန်လည်မလုပ်ကိုင်မီ တစ်နှစ်လောက် ဘာမှမလုပ်ဘဲ အပြည့်အဝအနားယူချင်နေတယ်လို့ သိရပါတယ်။ အယ်လီဂရီရဲ့ပရီးမီးယားလိဂ်ကို လာရောက်ကိုင်တွယ်ချင်တဲ့ သတင်းကြောင့် လက်ရှိပရီးမီးယားလိဂ်နည်းပြတွေဖြစ်တဲ့ ပိုချက်တီနို၊ ဆိုးလ်ရှား၊ အမ်မရီတို့အနေနဲ့ အသင်းကို ရလဒ်ကောင်းတွေ မယူဆောင်ပေးနိုင်ဘူးဆိုရင်တော့ နည်းပြရာထူးအတွက် စိုးရိမ်ဖွယ်အခြေအနေဖြစ်လာမှာဖြစ်ပါတယ်။

အယ်လီဂရီဟာ မန်ချက်စတာယူနိုက်တက်နဲ့ စပါးအသင်းတို့ကို ကိုင်တွယ်ဖို့အတွက် သတင်းတွေပိုမိုထွက်ပေါ်နေပြီး အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပြီးနောက် ရလဒ်တွေတောက်လျှောက်ဆိုးရွားနေတဲ့ ဆိုးလ်ရှားအတွက် နောက်ထပ်ဖိအားတစ်ခု ဖြစ်လာနေပြီဖြစ်ပါတယ်။

Share

Loading Next Article...
က္က