တံကောက်ကြောဒဏ်ရာရထားတဲ့ လင်ဂတ်ကိုလည်း အကဲဖြတ်ရဦးမှာပါ။

မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားက နယူးကာဆယ်နဲ့ကစားရမယ့် လာမယ့်တနင်္ဂနွေနေ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းရဲ့အဓိကကစားသမားအများစု လွဲချော်မယ်လို့ အတည်ပြုခဲ့ပြီး ပေါ့ဂ်ဘာ ပါဝင်ကစားဖို့ ကြံ့ခိုင်မှုပြည့်ဝဖွယ်မရှိဘူးလို့ ပြောကြားခဲ့ကြောင်း Football 365 ရဲ့ဖော်ပြချက်အရ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ အယ်ခမာအသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်အပြီးမှာ ပြိုင်ပွဲစုံ ၁၀ ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ပြီး အသင်းသမိုင်းတလျှောက် ယူရိုပါလိဂ်ပြိုင်ပွဲမှာ ပထမဆုံးအကြိမ် ဂိုးပေါက်ကန်သွင်းမှု တစ်ကြိမ်မှတောင် ပြုလုပ်နိုင်ခြင်းမရှိတဲ့ စံချိန်ဆိုးကို ရရှိခဲ့တာဖြစ်ပါတယ်။



မန်ချက်စတာယူနိုက်တက်အသင်းဟာ နယူးကာဆယ်အသင်းနဲ့ပွဲစဉ်အတွက် အယ်ခမာအသင်းနဲ့ပွဲစဉ်မှာ ၈ နေရာအထိ အပြောင်းအလဲ ပြုလုပ်ပြီး အဓိကကစားသမားအများအပြားကို အနားပေးခဲ့ပေမယ့် ဒဏ်ရာပြဿနာတွေနဲ့ ဆက်လက်ရုန်းကန်နေရဦးမှာဖြစ်ပါတယ်။

အန်သိုနီမာရှယ်၊ ဖီးဂျုံးစ်၊ လုခ်ရှော၊ အက်ရှ်လေယန်း၊ အဲရစ်ဘိုင်လီ၊ နာမကျန်းဖြစ်နေတာကြောင့် အယ်ခမာနဲ့ပွဲကို လွဲချော်ခဲ့တဲ့ ဝမ်ဘစ်စ်ကာ၊ ခြေထောက်ဒဏ်ရာ မသက်သာသေးတဲ့ ပေါ့ဂ်ဘာတို့ နယူးကာဆယ်နဲ့ပွဲကို လွဲချော်မယ်လို့ သိရပြီး လင်ဂတ်ကလည်း ကြံ့ခိုင်မှုအကဲဖြတ်ဖို့ လိုအပ်လိမ့်မယ်လို့ သိရပါတယ်။

 “ကျွန်တော် မသိပါဘူး။ စနေနေ့မနက်ကျရင် ကြည့်ကြတာပေါ့။ မကစားနိုင်တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်”

“ပေါ့ဂ်ဘာ ပါဝင်ကစားဖို့က မဖြစ်နိုင်တာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ နိုင်ငံတကာအားလပ်ရက်လည်း ရှိနေပါတယ်။ အဲဒါက ကျွန်တော်တို့ သူ့ကို လီဗာပူးနဲ့ပွဲမှာ အဆင်သင့်ဖြစ်နေအောင် ၁၀ ရက် ဒါမှမဟုတ် ၁၄ ရက်လောက် အပိုနားရက်ပေးဖို့ အချိန်ဖြစ်ပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က