မိုးတွင်းမှာ လမ်းပျက်စီးခဲ့မှုကြောင့် ဧည့်သည်တွေ နည်းသွားတာပါ။

မိုးတွင်းကာလတုန်းက မြန်မာနိုင်ငံအောက်ပိုင်းမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့တာကြောင့် ရေး-ထားဝယ်-မြိတ် ခရီးစဉ်ကို ဧည့်သည်တွေ မလာကြတော့ဘဲ ယခင်နှစ်ထက် ထက်ဝက်ကျော်ကျဆင်းခဲ့တယ်လို့ ခရီးသွားလုပ်ငန်းအေဂျင်စီတွေထံက နေသိရပါတယ်။

Photo- wikipedia (မြိတ်မြို့ကို မြင်ရစဉ်)

“ မနှစ်ကဆို ထားဝယ်က အပြည့်ပဲ။ ဒီနှစ်ကတော့ ၅၀ ရာခိုင်နှုန်းလောက်ကျတယ်။ နာမည်ကြီးတာကတော့ ထားဝယ်ရှင်ကိုးရှင် ဘုရားဖူးခရီးစဉ်ရယ် မြိတ်ကျွန်းစုတွေရယ်ပေါ့ ။ ဒီနှစ်ကတော့ အဲဒီဘက်ကို ထွက်တဲ့သူ သိပ်မရှိဘူး။ ကျွန်မတို့ Tour အနေနဲ့လည်း ဒီနှစ် အဲဒီဘက်ကို မထွက်ဘူး” လို့ TTT Travel & Tour –Myanmar ကုမ္ပဏီမှ မသီရိက Duwun ကိုပြောပါတယ်။

ရေကြီးရေလျှံမှုတွေကြောင့် ရေး-ထားဝယ်ကားလမ်းမပေါ်က မလွဲတောင်မြေပြိုကျခဲ့တာဖြစ်ပြီး ယာဉ်တွေသွားလာနိုင်ဖို့ အတွက် လက်ရှိ ယာယီဘေလီတံတားတည်ဆောက်ထားတာလည်း ဖြစ်ပါတယ်။

သြဂုတ်လပိုင်းတုန်းက မိုး အဆက်မပြတ်ရွာသွန်းတာတွေကြောင် ရန်ကုန်-ရေး-ထားဝယ်-မြိတ်လမ်းမှာ လမ်းတွေ ပျက်စီးခဲ့သလို မလွဲတောင်- ထားဝယ်လမ်းပိုင်းမှာလည်း တောင်ပြိုတာတွေ ဖြစ်ခဲ့လို့ လမ်းပြတ်တောက်မှု တွေ ဖြစ်ပေါ်ခဲ့တာပါ။

“ ထားဝယ်မှာက မလွဲတောင်လမ်းနဲ့ ပတ်သက်ပြီး တချို့ ဧည့်သည်တော်တော်များများက စိတ်ပူနေကြတော့ အဲဒီဘက်ကို မသွားရဲကြဘူး။ အရင်နှစ်တွေကတော့ ထားဝယ်ဘက်ကို ပုံမှန်သွားကြတယ်။ ဒီလို အချိန်လောက်ဆိုရင် ကားတွေ ပြည့်နေပြီ။ အခုနှစ်ကတော့ ကားတစ်စီးပဲ ထွက်ဖြစ်တယ်” လို့ တော်ဝင်နန်းထိပ်ထား ခရီးသွားလုပ်ငန်းမှာ Digital Marketing တာဝန်ထမ်းဆောင်တဲ့ ကိုသားသား က Duwun ကို ပြောပါတယ်။

Photo- Ministry of Hotels and Tourism (ထားဝယ်မြို့မှ စေတီတစ်ဆူကို တွေ့ရစဉ်)

တနင်္သာရီတိုင်းဒေသကြီးမှာ ခရီးသွားလုပ်ငန်းဖွံဖြိုးတိုးတက်ဖို့ ကျွန်း ၁၂ ကျွန်းမှာ လုပ်ငန်းအကောင်အထည်ဖော်နေပြီး ၂၀၁၅ ခုနှစ်လောက်စပြီးတော့ ရေး-ထားဝယ်-မြိတ် ကော့သောင်းခရီးစဉ်တွေကို ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်တွေ စိတ်ဝင်တစား သွားလာမှုတွေ များပြားလာခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က