အခုနှစ် သင်္ကြန်ရဲ့ ထူးခြားချက်ကတော့ လမ်းလျှောက်သင်္ကြန် ပိုမိုပါဝင်လာတာပါ။

ယခုနှစ် သင်္ကြန်ကာလမှာ အမှိုက်သိမ်းဆည်းရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ သန့်ရှင်းရေးလုပ်သား ၆၀၀ နီးပါး အသုံးပြုသွားမယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့့် သန့်ရှင်းရေးဌာနက နေသိရပါတယ်။

သင်္ကြန်ကာလအကြိုနေ့ကနေ အတက်နေ့အထိ ရန်ကုန်မြို့ ခရိုင်လေးခုမှ သင်္ကြန်ရေကစားမဏ္ဍပ်တွေမှာ မဏ္ဍပ်ရေကစားနားတဲ့အချိန်၊ မဏ္ဍပ်ပိတ်တဲ့အချိန်တွေမှာ အမှိုက်သိမ်းဆည်းရေးလုပ်ငန်းတွေ လုပ်ဆောင်သွားမယ်လို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ လက်ထောက်ဌာနမှူး ဦးဇော်ဝင်းနိုင်ကပြောပါတယ်။



“သန့်ရှင်းရေးဝန်ထမ်း ၅၈၀ ကျော်နဲ့ ကျွန်တော်တို့ အမှိုက်သိမ်းဆည်းရေးလုပ်ငန်းတွေ လုပ်သွားမှာပါ။ အခုနှစ် သင်္ကြန်ရဲ့ ထူးခြားချက်က လမ်းလျှောက်သင်္ကြန်တွေ ပိုပါဝင်သွားမှာ ဖြစ်တာကြောင့် အမှိုက်သိမ်းဝန်ထမ်းတွေကို မနှစ်ကထက် ပိုပြီး အင်အားဖြည့်ထားတာပါ” လို့ ဦးဇော်ဝင်းနိုင်က ဆိုပါတယ်။

မို့တော်ဝန်ဗဟိုမဏ္ဍပ်မှာ ဝန်ထမ်း ၄၇ ဦး၊ အနောက်ပိုင်းခရိုင်မှာ ၈၀ ကျော်၊ အရှေ့ပိုင်းခရိုင်မှာ ၅၀ ဦး၊ တောင်ပိုင်းခရိုင်မှာ ၃၀ ဦး၊ ခရိုင်၊မြို့နယ်တစ်ခုစီမှာ နေ့၊ ည ဝန်ထမ်း ၇၀ ဦးစီနဲ့ တာဝန်ထမ်းဆောင်သွားမယ်လို့ သိရပါတယ်။ မြောက်ပိုင်းခရိုင်မှာတော့ ဝန်ထမ်း ၄၀ ဦးနဲ့ ပြည်လမ်းမှာ နေ့၊ ည ဝန်ထမ်းပေါင်း ၁၉၀ ဦးက အမှိုက်သိမ်းဆည်းမှုတွေ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ယခုနှစ် သင်္ကြန်ရဲ့ ထူးခြားချက်ကတော့ ရန်ကုန်မြို့မှာ လမ်းလျှောက်သင်္ကြန်တွေ ပိုမိုလုပ်ဆောင်သွားမှာ ဖြစ်ပြီး အင်းယားလမ်း လမ်းလျှောက်သင်္ကြန်၊ မြကျွန်းသာ လမ်းလျှောက်သင်္ကြန်၊ ကန်တော်ကြီး လမ်းလျှောက်သင်္ကြန်၊ မြို့တော်ခန်းမလမ်းလျှောက်သင်္ကြန်တို့ လုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် မဏ္ဍပ်တွေက ငှားရမ်းထားတဲ့ ရွေ့လျားအိမ်သာအလုံးပေါင်း ၃၈ လုံးအထိ ရန်ကုန်မြို့တော်စည်ပင်ကနေ ငှားရမ်ပေးထားတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က