အရင်နှစ်ထက် ၂၅ ရာခိုင်နှုန်း တိုးတက်ခဲ့ပါတယ်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြား ခရီးသွားဧည့်သည်ရောက်ရှိမှု ၂ ဒသမ ၈ ၁ သန်းရှိပြီး အရင်နှစ် ကာလတူနဲ့ နှိုင်းယှဉ်ပါကက ၂၅ ရာခိုင်နှုန်း တိုးတက်လာခဲ့တယ်လို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားလိုက်ပါတယ်။

ရွေတိဂုံဘုရားသို့ ပြည်ပခရီးသွားများ လာရောက်။

စက်တင်ဘာ ၂၇ ရက်က  မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂မှာ ပြုလုပ်ခဲ့တဲ့ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အထိမ်းအမှတ်မှာ ပြောကြားခဲ့တာပါ။

၂၀၁၈ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်းလုံးမှာ အပြည်ပြည်ဆိုင်ရာ ခရီးသည်ရောက်ရှိမှု ၁ ဒသမ ၄ ဘီလီယံခန့်ရှိခဲ့ပြီး ၂၀၁၇ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၆ ရာခိုင်နှုန်းတိုးလာခဲ့တာကြောင့် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးမှုကို ၃ ဒသမ ၇ ရာခိုင်နှုန်းခန့် တိုးတက်စေခဲ့တယ်လို့လည်းသိရပါတယ်။

လက်ရှိအထိ ကျေးရွာပေါင်း (၄၂) ရွာ နဲ့ ခရီးစဉ် (၁၈) နေရာကို တိုင်းရင်းသားလူမျိုးတွေရဲ့ ရိုးရာယဉ်ကျေးမှုတွေ ဖော်ထုတ်ဖို့၊ ဆင်းရဲမှု လျှော့ချဖို့နဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့ ဆိုပြီး ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်း အဖြစ် ဆောင်ရွက်ခဲ့ပြီးလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ရေရှည်ခိုင်မာဖို့က ပြည်တွင်းပြည်ပ  ခရီးသွားဧည့်သည် အားလုံး လုံခြုံစိတ်ချစွာ သွားလာလည်ပတ်နိုင်တဲ့ အခြေအနေမျိုးတွေ ရှိဖို့က အရေးကြီးပြီး ကောင်းသတင်းတွေနဲ့ ကျော်ကြားအောင် ဆောင်ရွက်ကြဖို့လည်း လိုအပ်တယ်လို့ ဒုသမ္မတက ဆိုပါတယ်။

ခရီးသွားတွေ အလွန်အကျွံဝင်ရောက်လာခြင်းရဲ့ ဆိုးကျိုးတွေကို လျှော့ချဖို့ စံနှုန်းတွေ၊ စည်းကမ်းတွေ စနစ်တကျချမှတ်ပြီး အစိုးရနှင့်ပုဂ္ဂလိက ကဏ္ဍနှစ်ခုစလုံးက အထူးသတိပြု စီမံခန့်ခွဲသွားဖို့လည်း လိုတယ်လို့လည်း ပြောကြားခဲ့တာပါ။

အဆိုပါ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အခမ်းအနားမှာ စစ်ကိုင်းတိုင်း၊တနင်္သာရီတိုင်း၊ပဲခူးတိုင်း၊ မကွေးတိုင်း မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ရန်ကုန်တိုင်း၊ကချင်ပြည် နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် တို့က လူထုအခြေပြုသွား လုပ်ငန်းလုပ်ကိုင်နေတဲ့ ကျေးရွာ (၅၃) ရွာကို  စက်ဘီးတွေ ထောက်ပံ့ပေးခဲ့တယ်လို့လည်းသိရပါတယ်။

အခမ်းအနားကိုတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူနဲ့ ပြည်ထောင်စုဝန်ကြီးတွေ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

Share

Loading Next Article...
က္က