တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၆ ရက်ကနေ ၁၅ ရက်အထိကျင်းပမှာပါ။

ယခုနှစ် မတ်လမှာကျင်းပမယ့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမယ့်သူ ၉ သိန်းနီးပါးရှိနေပြီး အရင်နှစ်ကထက် ငါးသောင်းကျော်တိုးလာတယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနကနေ သိရပါတယ်။

၂၀၁၉ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၆ ရက်နေ့ကနေ မတ်လ ၁၅ ရက်အထိ ကျင်းပသွားမှာဖြစ်ပြီး အခုနှစ်မှာ ဖြေဆိုမယ့် ကျောင်းသားဦးရေ များတာတာကြောင့် စာစစ်ဌာနကို အရင်နှစ်ကထက် ၁၅၀ ကျော်တိုးမြှင့်ထားတယ်လို့ မြန်မာနိုင်ငံစာစီဦးစီးဌာနရဲ့ ည့ွှန်ကြားရေးမှူး ဦးမိုးမြင့်ကျော်က Duwun ကိုပြောပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖြေမယ့်သူက မနှစ်က ထက် ငါးသောင်းကျော် တိုးလာတော့ စာစစ်ဌာနက ၁၅၀ ကျော်တိုးထားပါတယ်။ “ လို့ ညွှန်ကြားရေးမှူး ဦးမိုးမြင့်ကျော်က ဆိုပါတယ်။

ဆေးရုံတွေမှာ ဖြေဆိုမယ့်သူတွေအတွက် ရန်ကုန်တိုင်းအတွင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အမျိုးသမီးဆေးရုံ၊ မြောက်ဥက္ကလာပ (ဝေဘာဂီဆေးရုံ) နဲ့ မြောက်ဥက္ကလာပဆေးရုံတို့မှာ စာစစ်ဌာန ၄ ခု ဖွင့်လှစ်ထားပြီး မန္တလေးမြို့မှာတော့ မန္တလေးပြည်သူ့ဆေးရုံကြီးမှာ စာစစ်ဌာန ၁ ခု ဖွင့်လှစ်ထားတယ်လို့လည်း သိရပါတယ်။

“ရန်ကုန်နဲ့ မန္တလေးက မြို့နယ်တွေများတော့ ဆေးရုံ ၄ ခု သတ်မှတ်ပြီး စာစာစစ်ဌာနဖွင့်လှစ်လိုက်တာပါ။ ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်တွေက မြို့နယ်အလိုက် စာစစ်ဌာနတွေရှိပါတယ်။” လို့ ဦးမိုးမြင့်ကျော်က ဆက်လက် ပြောပါတယ်။

ဒါ့အပြင် အခုနှစ်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမယ့်သူ ၈ သိန်း ၉ သောင်းကျော် စာရင်းပေးသွင်းထားပြီး စာစစ်ဌာန စုစုပေါင်း ၁၈၀၀ ခန့်ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

နိုင်ငံခြားမှ ဖြေဆိုမယ့်သူ ၁၆၀ ခန့်ရှိနေပြီး နိုင်ငံခြားစာစစ်ဌာန၊ အကျဉ်းထောင်အတွင်းမှာ ဖြေဆိုမယ့်သူတွေအတွက် အကျဉ်းထောင်စာစစ်ဌာန၊ မသန်စွမ်းစာစစ်ဌာနတွေကိုလည်း ဖွင့်လှစ်ထားတယ်လို့ ဆိုပါတယ်။

အခုနှစ်ကျင်းပမယ့် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ မေးခွန်းပုံစံတွေကို စဉ်းစားတွေးခေါ်မှု ဦးစားပေးတဲ့ မေးခွန်းပုံစံနဲ့ မေးမြန်းမယ်လို့ ပညာရေးဝန်ကြီးဌာနကနေ ကြေညာထားပါတယ်။


Share

Loading Next Article...
က္က