ကတ်တလန်ထိပ်သီးအသင်းကြီးဟာ ဘာအမှားအယွင်းမှ မလုပ်ထားဘူးလို့ ငြင်းပယ်တဲ့ ထုတ်ပြန်ကြေညာချက်ကို ထုတ်ခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ စပိန်ဒိုင်ကော်မတီ ဒုဥက္ကဌကို ယူရို ၁.၄ သန်း ပေးခဲ့ပြီးနောက် အကျင့်ပျက်ခြစားမှုနဲ့ စွပ်စွဲခံခဲ့ရပြီး နည်းပြ ဇာဗီက အဲဒီကိစ္စတွေကို ဖြေရှင်းခဲ့ပါတယ်။

ဘာစီလိုနာဟာ စပိန်တော်ဝင်ဘောလုံးအဖွဲ့ချုပ် ဒိုင်လူကြီး ကော်မတီရဲ့ ဒုဥက္ကဌကို ယူရို ၁.၄ သန်း ပေးချေခဲ့မှုအတွက် စုံစမ်းစစ်ဆေးမှုတွေ ခံနေရတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီးနောက် ကတ်တလန်ထိပ်သီးအသင်းကြီးဟာ ဘာအမှားအယွင်းမှ မလုပ်ထားဘူးလို့ ငြင်းပယ်တဲ့ ထုတ်ပြန်ကြေညာချက်ကို ထုတ်ခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာနည်းပြ ဇာဗီကလည်း လက်ရှိဖြစ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး မေးမြန်းခြင်းကို ခံခဲ့ရပြီး လာလီဂါအမှတ်ပေးဇယားဦးဆောင်သူတွေ ရင်ဆိုင်နေရတဲ့ကိစ္စကို ကာကွယ် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

"ကျွန်တော် ဘောလုံးအပေါ်မှာပဲ အာရုံစိုက်ဖို့ ကြိုးပမ်းနေတယ်။ ဒါပေမယ့် ဒီအသင်းက ဒီလို ဇာတ်လမ်းမျိုးတွေ ရှိတတ်ပါတယ်။ ကျွန်တော်တို့ လူသိရှင်ကြားထုတ်ပြန်ကြေညာချက် ထုတ်ခဲ့တယ်လို့ ကျွန်တော့်ကို ပြောခဲ့ပြီး အသင်းက ပြောတာကို သိပါတယ်။ အဲဒါက ကျွန်တော် အသင်းကို မရောက်ခင်ကတည်းက နှစ်တွေတုန်းက ဖြစ်ပျက်ခဲ့တာလို့ ထင်ပေမယ့် ကျွန်တော် အမြဲတမ်း အဖွဲ့အစည်းကို ကာကွယ်သွားမှာပါ။ ကျွန်တော်တို့ အသင်းအတွင်းပိုင်း ရှုထောင့်ကနေ ဒိုင်လူကြီးတွေကို အမြဲတမ်း ခွဲခြမ်းစိတ်ဖြာပါတယ်။ သူတို့တွေ ပွဲကို ဘယ်လို ကိုင်တွယ်လဲနဲ့ သူတို့တွေက ဆက်သွယ်ပြောဆိုလို့ကောင်း၊ မကောင်းဆိုတာကို စစ်ဆေးပါတယ်။ ဒီလိုအရာတွေက ဟိုးအရင်ကတည်းက ကျွန်တော်တို့ လုပ်ဆောင်နေတဲ့အရာတွေဖြစ်ပေမယ့် အသင်းအတွင်းပိုင်း အဆင့်မှာပဲ လုပ်ဆောင်ခဲ့တာပါ"လို့ ပြောကြားခဲ့ပါတယ်။

ဘာစီလိုနာဥက္ကဌ ယိုအန်း လာပေါ်တာကလည်း စွပ်စွဲမှုတွေအပေါ် တုံ့ပြန်ခဲ့ပြီး ပရိသတ်တွေအားလုံးကို အကုန်လုံး အဆင်ပြေပြေရှိတဲ့အကြောင်း အာမခံဖို့ ကြိုးပမ်းခဲ့ပါတယ်။ "ကျွန်တော် ဒါကို ဘာစီလိုနာ ပရိသတ်တွေကို ပြောတာပါ။ ဘာစီလိုနာက ကောင်းကောင်းလုပ်နိုင်နေတဲ့ ဒီလိုအချိန်မှာ ဒီစွပ်စွဲချက်တွေထွက်လာတာက တိုက်ဆိုင်မှုမဟုတ်ပါဘူး(သွေးရိုးသားရိုးမဟုတ်)။ အဲဒါက တိုက်ဆိုင်မှုမဟုတ်ပါဘူး"လို့ ပြောကြားခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ကြာသပတေးနေ့ နူးကမ့်မှာ ယူရိုပါလိဂ် Play-off ပွဲစဉ် ပထမအကျော့အနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က