ရော်နယ်ဒိုဟာ ကွင်းဘေးနားကနေ အသင်းဖော်တွေကို လှုံ့ဆော်အားပေးမှုတွေ ပြုလုပ်နေခဲ့ပါတယ်။

စပိန်နဲ့ ပေါ်တူဂီတို့ရဲ့ တဖက်တဂိုးစီသရေကျခဲ့တဲ့ပွဲမှာတော့ ရော်နယ်ဒိုတယောက် အရန်လူစာရင်းမှာသာ ရှိနေခဲ့ပါတယ်။ ယူနိုက်တက်အတွက် ရာသီနောက်ဆုံးပွဲကို ဒဏ်ရာကြောင့် လွဲချော်ခဲ့ရတဲ့ ရော်နယ်ဒိုကို ပေါ်တူဂီနည်းပြဆန်းတို့စ်ကလည်း အနားပေးထားခဲ့ပြီး ဒုတိယပိုင်းမှသာ လူစားလဲအသုံးပြုခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ 

မိုရာတာနဲ့ ဂိုးနဲ့ စပိန်တို့ ဦးဆောင်နေခဲ့ပြီးနောက် ပေါ်တူဂီဟာ ချေပဂိုးရဖို့အတွက် ရော်နယ်ဒိုအပြင် အခြားကစားသမား ၃ ဦးကိုပါ လူစားလဲလှယ်ခဲ့တာဖြစ်ပါတယ်။ ပေါ်တူဂီအတွက်ချေပဂိုးကိုတော့ လူစားဝင်လာသူ ဟော်တာက သူ့ရဲ့ ပထမဆုံးနိုင်ငံတကာသွင်းဂိုးအဖြစ်နဲ့ သွင်းယူပေးခဲ့ပြီး နေးရှင်းလိဂ်အုပ်စုအဖွင့်ပွဲမှာ ပေါ်တူဂီကို သရေတမှတ်ရယူပေးသွားခဲ့ပါတယ်။ 

ရော်နယ်ဒိုကတော့ အသင်းအတွက်ကစားပေးရခြင်းမရှိခဲ့ပေမယ့် ကွင်းဘေးနားကနေ တောက်လျှောက်ဆိုသလို အားပေးမှုတွေကို ပြုလုပ်သွားခဲ့ပါတယ်။ အသင်းဖော်တွေကို လက်ခုပ်တီးအားပေးခဲ့သလို အော်ဟစ်ညွှန်ကြားမှုတွေကိုလည်း ပြုလုပ်ခဲ့တယ်လို့သိရပြီး နည်းပြဆန်းတို့စ်ရဲ့ တာဝန်တွေကို အသင်းခေါင်းဆောင်တဦးအဖြစ်နဲ့ မျှဝေယူခဲ့တယ်လို့တောင် ယူဆရပါတယ်။ 

ယူရို ၂၀၁၆ ဗိုလ်လုပွဲတုန်းက ဒဏ်ရာကြောင့် လူစားလဲခဲ့ရပြီးနောက် ရော်နယ်ဒိုဟာ အသင်းကို နည်းပြနဲ့အပြိုင် အော်ဟစ်ညွှန်ကြားမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါလုပ်ရပ်က တော်တော်လေးကို ကျော်ကြားခဲ့ပြီး ဒီနောက်ပိုင်းမှာ ထပ်မံမြင်တွေ့ရခြင်းမရှိတော့ပါဘူး။ မနေ့ညကပွဲမှာတော့ အဆိုပါပုံစံကို ပြန်လည်မြင်တွေ့ခဲ့ရတာဖြစ်ပြီး ရော်နယ်ဒိုတယောက် နည်းပြကြီးတဦးအလား ဖြစ်နေခဲ့တာကို ပရိသတ်တွေလည်း ကြည့်ရှုခဲ့ရပါတယ်။ 

ပွဲအပြီးမှာလည်း ရော်နယ်ဒိုဟာ ယူနိုက်တက်က ခေါ်ယူမယ်လို့ သတင်းတွေထွက်နေတဲ့ ဗီလာရီးရဲလ်နောက်ခံလူ ပါအူတောရက်စ်နဲ့ ဂျာစီချင်းလဲလှယ်ခဲ့သေးတယ်လို့ သိရပါတယ်။

Share

က္က