ပဝါ၊ အိပ်ယာခင်းနဲ့ အခြားပစ္စည်းတွေအတွက် ယူရို ၁၄၀၀၀ အထိ သုံးစွဲခဲ့ပါတယ်။

နွေရာသီအားလပ်ရက်မှာ မာယော့ကာကို မိသားစုနဲ့အတူ အပန်းဖြေခရီးထွက်ခဲ့တဲ့ ရော်နယ်ဒိုရဲ့ ခရီးစဉ်က တော်တော်လေးခမ်းနားထည်ဝါခဲ့တယ်ဆိုတာကို စပိန်မီဒီယာတွေက အချက်အလက်တွေနဲ့ ဖော်ပြလိုက်ပါတယ်။ ရော်နယ်ဒိုဟာ မျက်နှာသုတ်ပဝါ၊ အိပ်ယာခင်းတွေနဲ့ အခြားအိမ်သုံးပစ္စည်းတွေအတွက် ယူရို ၁၄၀၀၀ အထိ သုံးစွဲခဲ့တယ်လို့သိရပြီး ယူရို ၄၀၀၀ တန် နေကာမျက်မှန်တလက်ကိုလည်း မှာယူခဲ့တယ်လို့ ဆိုပါတယ်။ 

မာယော့ကာက သူငှားရမ်းထားခဲ့တဲ့ နေအိမ်မှာ ပစ္စည်းတွေအားလုံးပြည့်စုံနေပေမယ့် ရော်နယ်ဒိုက သီးခြားဝယ်ယူခဲ့တာပါ။ ဒီခရီးစဉ်အတွက် ရော်နယ်ဒိုက ကိုယ်ပိုင်ဂျက်လေယာဉ်၊ ကိုယ်ပိုင်ရွက်လှေတို့ကို အသုံးပြုခဲ့ပြီး ကျွန်းတခွင်ကို လှည့်လှည်လည်ပတ်ခဲ့တယ်လို့ စပိန်မီဒီယာတွေကဆိုပါတယ်။ 

Marca ကတော့ ရော်နယ်ဒိုရဲ့ ဂျက်လေယာဉ်တန်ဖိုးဟာ ယူရို ၂၂ သန်းတန်ကြေးရှိပြီး ရွက်လှေကတော့ ယူရို ၆.၅ သန်းအထိ ရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒီဇိမ်ခံအပန်းဖြေခရီးအတွက် အဆိုပါယာဉ်တွေရဲ့ တန်ဖိုးကိုပါ ထည့်သွင်းတွက်ချက်မယ်ဆိုရင် ရော်နယ်ဒိုရဲ့ ခရီးစဉ်တန်ဖိုးက ယူရို ၂၇.၆ သန်းအထိ ရှိတယ်လို့လည်း ဆိုပါတယ်။ 

အပန်းဖြေခရီးထွက်နေခဲ့မေယ့်လည်း ရော်နယ်ဒိုက အနားယူချိန်မှာလည်း လေ့ကျင့်မှုတွေကို အပျက်မခံခဲ့ပါဘူး။ ရွက်လှေပေါ်မှာ bike စီးပြီး လေ့ကျင့်နေခဲ့တာကို မြင်တွေ့ခဲ့ရသလို မာယော့ကာအသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာလည်း သားဖြစ်သူနဲ့အတူ လေ့ကျင့်မှုတွေပြုလုပ်ခဲ့တာကို အင်စတာဂရမ်ကနေ ဖော်ပြခဲ့ပါတယ်။ 

အသက် ၃၇ နှစ်အရွယ်ကစားသမားဟာ အားလပ်ရက်ပြီးဆုံးမှ ယူနိုက်တက်နဲ့ပူးပေါင်းမှာဖြစ်ပြီး နည်းပြသစ်တန်ဟက်ဂျ်နဲ့ လက်တွဲရတော့မှာဖြစ်ပါတယ်။ လက်ရှိမှာ သူ့အနာဂတ်နဲ့ပတ်သက်ပြီး သတင်းအမျိုးမျိုးထွက်နေပေမယ့် အသင်းဖော်ဘရူနိုဖာနန်ဒက်စ်ကတော့ ပေါ်တူဂီအသင်းခေါင်းဆောင်က အသင်းမှာ ဆက်လက်ရှိနေလိမ့်မယ်လို့ O Jogo ပေါ်တူဂီသတင်းဌာနကို ပြောဆိုခဲ့ပါတယ်။ 

Share

Loading Next Article...
က္က