ဖလော်ရီယန်ဝစ်ဇ်နဲ့ မူဆီအာလာက ခြေစွမ်းပြခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ ဂျာမနီနဲ့ စကော့တလန်တို့ရဲ့ ယူရိုအုပ်စုအဖွင့်ပွဲမှာ ဂျာမနီအတွက် ဖလော်ရီယန်ဝစ်ဇ်နဲ့ မူဆီအာလာတို့ နှစ်ယောက် အထူးခြေစွမ်းပြခဲ့ပါတယ်။ ဒီပွဲမှာ ဂျာမနီက စကော့တလန်ကို ၅-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။



ပထမပိုင်း ပွဲစကတည်းက ဂျာမနီတို့ ဖိအားပေးကစားနိုင်ခဲ့ပြီး ပွဲချိန် (၁၀) မိနစ်မှာ ဖလော်ရီယန်ဝစ်ဇ်က ဂျာမနီအတွက် အဖွင့်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒီဂိုးမှာ ကင်မစ်ချ် ခင်းပေးလိုက်တဲ့ ဘောလုံးကို ဖလော်ရီယန်ဝစ်ဇ်က ဧရိယာအပြင်ကနေ အပြင်းကန်သွင်းယူခဲ့တာပါ။

အဲ့ဒီနောက်မှာ တိုနီကရူးစ်၊ ဂွန်ဒိုဂန်၊ ဟာဗက်ဇ်တို့ရဲ့ ဖန်တီးမှုအဆင့်ဆင့်ကနေ မူဆီအာလာက ဧရိယာထဲမှာ ပြိုင်ဘက်ကစားသမားတစ်ယောက်ကို လှည့်ထွက်ပြီး ကန်သွင်းယူခဲ့ပါတယ်။ ဒါ့အပြင် ဒီနှစ်ယောက်က စကော့တလန်နောက်တန်းကို ဒုတိယပိုင်း လူစားလဲမခံရခင်အထိ ဒုက္ခပေးခဲ့ကြတာပါ။

မူဆီအာလာရဲ့ အတိုးအလှုပ်တွေ၊ ဖလော်ရီယန်ဝစ်ဇ်ရဲ့ ပြေးအား၊ ရုန်းအားတွေကို စကော့တလန် နောက်ခံလူတွေ ဘယ်လိုမှ ထိန်းချုပ်နိုင်ခဲ့ခြင်းမရှိပါဘူး။ ဒုတိယပိုင်း ဂိုးပြတ်နိုင်နေချိန်မှာ နာဂယ်လ်စမန်းက ဒီကောင်လေးနှစ်ယောက်ကို အနားပေးခဲ့လို့သာ စကော့တလန်တို့ သက်သာရာရခဲ့တာပါ။

ဘာပဲဖြစ်ဖြစ်​​ ဂျာမနီကတော့ ဒီယူရိုပြိုင်ပွဲမှာ သူတို့နှစ်ယောက်နဲ့ ခြေစွမ်းပြနိုင်ဖို့ သေချာနေပြီး ချန်ပီယံဆုအတွက်ပါ ချိန်ရွယ်နိုင်တဲ့ ခြေစွမ်းမျိုးကို ပြသနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က