အင်္ဂလန်ဘက်က အခိုင်အမာရပ်တည်နေတာပါ။

အင်္ဂလန်ရဲ့ ဂန္တဝင်နောက်ခံလူဟောင်းကြီး ရီယိုဖာဒီနန်က ဒီနေ့ စတင်ကျင်းပတော့မယ့် ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့အတွက် အင်္ဂလန်နဲ့ပြင်သစ်က ရေပန်းစားအဆုံးပဲလို့ ပြောကြားလိုက်ပါတယ်။ အင်္ဂလန်ဟာ နောက်ဆုံး ကစားခဲ့တဲ့ ယူရိုပြိုင်ပွဲမှာ ဗိုလ်လုပွဲအဆင့်အထိ တက်ရောက်ခဲ့တာပါ။



ဗိုလ်လုပွဲမှာတော့ အင်္ဂလန်တို့ အီတလီကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အရေးနိမ့်ခဲ့တာကြောင့် ချန်ပီယံဆုနဲ့ လွဲချော်ခဲ့ရပါတယ်။ အဲ့ဒါကြောင့်လည်း ဒီတစ်ကြိမ် ယူရိုပြိုင်ပွဲမှာ ဗိုလ်စွဲဖို့အတွက် အင်္ဂလန်ဘက်တော်သားအားလုံးက အားခဲထားတာပါ။

အင်္ဂလန်ရဲ့ လူစာရင်းကြောင့်လည်း မီဒီယာတွေ၊ ပရိသတ်တွေ၊ ရုပ်သံဝေဖန်သုံးသပ်သူတွေက အင်္ဂလန်ကို ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းတွေထဲမှာ ထည့်သွင်းထားပါတယ်။ ဖာဒီနန်ကလည်း “ကျနော့်အထင် အင်္ဂလန်နဲ့ ပြင်သစ်က ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး နှစ်သင်းပါပဲ။ သူတို့က ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်စွမ်းရှိပါတယ်”

“သူတို့တွေ ချန်ပီယံမဖြစ်သည့်တိုင်အောင် ဆုဖလားနဲ့ တော်တော်လေး နီးစပ်မယ်ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဂျာမနီက အိမ်ရှင်အားသာချက်​ရှိနေလို့ပါ။ ဒီစိတ်ပိုင်းဆိုင်ရာက ပြိုင်ပွဲတစ်ခုအတွက် အိမ်ရှင်အသင်းအတွက် အားသာချက်တစ်ခုပါ။ ကျနော်ကတော့ အင်္ဂလန်ကို ရေပန်းအစားဆုံးအဖြစ် သတ်မှတ်ပါမယ်”

“ဘယ်လင်ဟမ်က ထိပ်တန်းကစားသမားတစ်ယောက်၊ လာလီဂါရဲ့ အကောင်းဆုံးကစားသမားတောင် ဖြစ်နိုင်ပါတယ်။ ဟယ်ရီကိန်းကလည်း ဂျာမနီမှာ ဂိုးသွင်းဘုရင်ဖြစ်ခဲ့ပြီး ကွင်းလယ်မှာလည်း ဖိုဒန်လို ကစားသမားမျိုး ရှိနေပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က