နော်ဝေဟာ ယူရို - ၂၀၂၄ ခြေစစ်ပွဲကို မအောင်မြင်ခဲ့တာကြောင့် အသင်းရဲ့ နာမည်ကျော် ကစားသမားတွေဖြစ်တဲ့ ဟာလန်း၊ အိုဒီဂတ်တို့က လက်ရွေးစင်အဆင့် ပြိုင်ပွဲကြီးနဲ့ လွဲချော်ခဲ့ရပြန်ပါတယ်။ မနေ့ညက ရိုမေးနီးယားတို့ အစ္စရေးကို ၂-၁ ဂိုးနဲ့ အနိုင်ယူပြီးနောက် နော်ဝေတို့ ခြေစစ်ပွဲ မအောင်မြင်တာ သေချာသွားခဲ့ပါတယ်။
နော်ဝေဟာ ပြီးခဲ့တဲ့ (၂၀၂၂) ကာတာကမ္ဘာ့ဖလားမှာလည်း ခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်းမရှိပါဘူး။ အခု ယူရို - ၂၀၂၄ ခြေစစ်ပွဲမှာလည်း နော်ဝေတို့ သင်္ချာနည်းအရ ခြေစစ်ပွဲ အောင်မြင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘဲ ဟာလန်း၊ အိုဒီဂတ်တို့အတွက် စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။
နော်ဝေပါဝင်တဲ့ အုပ်စုမှာ ရိုမေးနီးယားက အုပ်စုပထမနဲ့ ခြေစစ်ပွဲ အောင်မြင်ခဲ့သလို အစ္စရေးကလည်း ပလေးအော့ဖ်ကစားခွင့် လမ်းကြောင်းတစ်ခု သေချာသွားခဲ့ပါတယ်။ နော်ဝေဟာ ဒီနေ့ညမှာ စကော့တလန်နဲ့ ရင်ဆိုင်ကစားရမှာဖြစ်ပြီး ဟာလန်းကတော့ ခြေကျင်းဝတ်ဒဏ်ရာကြောင့် ဒီပွဲကို လွဲချော်မှာပါ။