အင်္ဂလန်နဲ့ပြင်သစ်တို့ အဝေးကွင်းမှာ နိုင်ပွဲဆက်ခဲ့ကြတာပါ။

မနေ့ညက ကစားခဲ့တဲ့ ယူရို-၂၀၂၄ ခြေစစ်ပွဲတွေမှာ နာမည်ကြီးအသင်းတွေဖြစ်တဲ့ အင်္ဂလန်၊ ပြင်သစ်တို့ အဝေးကွင်းမှာ နိုင်ပွဲကိုယ်စီရရှိခဲ့ကြပါတယ်။ အင်္ဂလန်က မော်လ်တာနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ပြင်သစ်ကလည်း ဂျီဘရော်လ်တာနဲ့ ရင်ဆိုင်ကစားခဲ့ရတာဖြစ်ပါတယ်။



အင်္ဂလန်ကတော့ လေးဂိုးပြတ်၊ ပြင်သစ်ကတော့ သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာပါ။ ပုံမှန်ဆိုရင်တော့ ဒီလိုအသင်းမျိုးတွေကို ထိပ်တန်းအသင်းကြီးတွေက အနည်းဆုံး (၆) ဂိုး၊ (၇) ဂိုးပြတ်လောက်အထိ သွင်းနိုင်တဲ့ အနေအထားမျိုးရှိပြီး အခု ဂိုးရလဒ်ကတော့ နည်းနေသေးတယ်လို့ ဆိုရမှာပါ။

အင်္ဂလန်ကတော့ ပစ်ဖို့ဒ်၊ ထရစ်ပီယာ၊ ဂေဟီ၊ မက်ဂွိုင်းရား၊ လုခ်ရှော၊ ဒကလန်ရိုက်စ်၊ အာနိုးလ်၊ ဟန်ဒါဆင်၊ ဟယ်ရီကိန်း၊ ဆာကာ၊ မက်ဒီဆင်တို့ ပါဝင်ခဲ့ပါတယ်။ အင်္ဂလန်အတွက် ဂိုးတွေကို‌တော့ ပြိုင်ဘက်ရဲ့ Own Goal ၊ အာနိုးလ်တို့နဲ့အတူ ပင်နယ်တီနှစ်လုံးကတစ်ဆင့် ဟယ်ရီကိန်း၊ ကော်လမ်ဝီလ်ဆင်တို့က သွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။ ဒီပွဲမှာ အင်္ဂလန်အတွက် ပထမဆုံးပွဲအဖြစ် ခရစ္စတယ်ပဲလေ့စ် ကြယ်ပွင့် အီဇီက လူစားဝင်ကစားခဲ့ပါတယ်။

ပြင်သစ်မှာတော့ ပါဗက်၊ ဖိုဖာနာ၊ ကိုနာတေး၊ သီယိုဟာနန်ဒက်ဇ်၊ ဂရစ်ဇ်မန်း၊ ချူအာမန်နီ၊ ကာမာဗင်ဂါ၊ ကိုးမန်း၊ အမ်ဘာပေ၊ ဂျရူးတို့ ပါဝင်ခဲ့ပါတယ်။ ပြင်သစ်အတွက် အဖွင့်ဂိုးကို ဂျရူးက သွင်းယူပေးခဲ့ပြီး အဲ့ဒီနောက် ပင်နယ်တီကတစ်ဆင့် အမ်ဘာပေက ဒုတိယဂိုးသွင်းပေးခဲ့ပါတယ်။ ပြင်သစ်ရဲ့ ပွဲသိမ်းဂိုးကတော့ ပြိုင်ဘက်ရဲ့ Own Goal ကြောင့် ရရှိခဲ့တာဖြစ်ပါတယ်။

အခြားသော ယူရိုခြေစစ်ပွဲတွေမှာတော့ ဒိန်းမတ်၊ တူရကီ၊ ယူကရိန်းတို့ နိုင်ပွဲကိုယ်စီရရှိခဲ့ပြီး ဝေးလ်စ်ကတော့ အိမ်ကွင်းမှာ အာမေးနီးယားကို မထင်မှတ်ဘဲ ဂိုးပြတ်အရေးနိမ့်ခဲ့ပါတယ်။ ပြင်သစ်နဲ့ အင်္ဂလန်တို့ကတော့ မနေ့ညက နိုင်ပွဲတွေကြောင့် ဒီနှစ် ယူရိုခြေစစ်ပွဲတွေမှာ (၃) ပွဲ ကစား၊ (၃) ပွဲနိုင်နဲ့ ရာနှုန်းပြည့်နိုင်ပွဲတွေနဲ့အတူ အုပ်စုမှာ ကိုယ်စီ ဦးဆောင်ထားကြပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က