ဘယ်လ်ဂျီယံတိုက်စစ်မှူးလူကာကူနဲ့ အပြိုင်ဖြစ်နေတာပါ။

ယူရိုခြေစစ်ပွဲတွေကတော့ အဆုံးသတ်ဖို့ နီးကပ်လာပါပြီ။ ခြေစစ်ပွဲအောင်အသင်း ၁၆ သင်းအထိ ထွက်ပေါ်လာပြီဖြစ်ပြီး နောက်ထပ် ၈ နေရာစာပဲ ကျန်ပါတော့တယ်။ အဲဒီအတွက်လည်း အကြိတ်အနယ်ဖြစ်နေပြီး ဘယ်အသင်းတွေ ခြေစစ်ပွဲအောင်မလဲဆိုတာက စိတ်ဝင်စားစရာ၊ စိတ်လှုပ်ရှားစရာအပြည့်ပါပဲ။

အဲဒီလိုပဲ တဖက်မှာ ခြေစစ်ပွဲရဲ့ ဂိုးသွင်းအများဆုံးဂုဏ်ပုဒ်အတွက် အပြိုင်အဆိုင်ဖြစ်နေသူတွေရှိပါတယ်။ လက်ရှိမှာဆိုရင် ဘယ်လ်ဂျီယံတိုက်စစ်မှူးလူကာကူနဲ့ ပေါ်တူဂီတိုက်စစ်မှူးကြီး ရော်နယ်ဒိုတို့ ၁၀ ဂိုးစီနဲ့ အပြိုင်ဖြစ်နေပြီး ဘတ်ပီက ၉ ဂိုး၊ ဟယ်ရီကိန်းက ၈ ဂိုးနနဲ့ အစဉ်လိုက်ပါ။ ဂိုးသွင်းအများဆုံးကစားသမားနေရာအတွက်တော့ လူကာကူနဲ့ ရော်နယ်ဒိုတို့ အကြိတ်အနယ်ဖြစ်နေတာပါ။ 

ဘယ်လ်ဂျီယံက အဇာဘိုင်ဂျန်နဲ့ ကစားရဖို့ရှိနေကာ ပေါ်တူဂီကတော့ အိုက်စလန်နဲ့ ကစားရမှာပါ။ ဒီတော့ နှစ်ယောက်စလုံးအတွက် ဂိုးရမယ့် အခွင့်အလမ်းက များပါတယ်။ လူကာကူက အသင်းငယ်လေးနဲ့ ရင်ဆိုင်ရမှာဖြစ်သလို ရော်နယ်ဒိုကလည်း အခု ခြေစွမ်းတောက်လျှောက်ပြနေလို့ ဂိုးရဖို့က သေချာသလောက်ရှိနေပါတယ်။ ဘယ်သူက ပိုပြီးဂိုးသွင်းနိုင်မလဲဆိုတာကိုပဲ စောင့်ကြည့်ရမှာပါ။ 

ဘတ်ပီနဲ့ ကိန်းတို့ကလည်း ဂိုးတွေထပ်သွင်းနိုင်ပါတယ်။ မထင်မှတ်ထားဘဲ သူတို့ကျော်တက်နိုင်ချေကလည်း အပြည့်ပါ။ တယောက်နဲ့ တယောက် သွင်းဂိုးချင်း သိပ်မကွာဟတာမို့ သူတို့ကို မေ့ထားလို့လည်းမရပါဘူး။ ဒါပေမယ့် ထိပ်ဆုံးက နှစ်ယောက်ရဲ့ အားပြိုင်မှုကိုတော့ အားလုံးက ပိုစိတ်ဝင်စားနေကြပါတယ်။ ယူရိုခြေစစ်ပွဲရဲ့ ဂိုးသွင်းအများဆုံးဖြစ်လာမယ့်သူက ဘယ်သူလဲဆိုတာ သိပ်မကြာခင်တော့ အဖြေပေါ်တော့မှာပါ။ 

ခြေစစ်ပွဲအဆင့်မှာ ဂိုးအများဆုံးသွင်းယူနိုင်တာက ဂုဏ်ပုဒ်တခုအပြင်တော့ မပိုပါဘူး။ ဒါပေမယ့် ဒါကိုပဲ ကစားသမားတွေက မှတ်တမ်းအရ၊ ဂုဏ်အရတော့ မက်မောကြပါတယ်။ အခုလည်း ဒီအတွက် အပြိုင်အားထုတ်နေကြပြီး ရော်နယ်ဒိုကလည်း သူ့အသက်အရွယ်နဲ့ ဒါမျီုးလုပ်ပြနိုင်တယ်ဆိုတာကို ပြသချင်နေမှာတော့ ငြင်းမရပါဘူး။

Share

Loading Next Article...
က္က