မနေ့ညက ကစားခဲ့တဲ့ ပေါ်တူဂီနဲ့ အိုင်ယာလန်တို့ရဲ့ပွဲမှာ ရော်နယ်ဒိုက ပေါ်တူဂီအတွက် နှစ်ဂိုးအထိ သွင်းယူပြီး ခြေစွမ်းပြခဲ့ပါတယ်။ ဒီပွဲက ပေါ်တူဂီအတွက် ယူရို-၂၀၂၄ မတိုင်ခင် နောက်ဆုံးခြေစမ်းပွဲဖြစ်ခဲ့တာပါ။
ရော်နယ်ဒိုကလည်း ဒီတစ်ပတ်ကစားနေတဲ့ နိုင်ငံတကာခြေစမ်းပွဲတွေမှာ ပထမဆုံးပွဲအဖြစ် ပါဝင်ကစားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ရှေ့ပွဲတွေမှာ ပါဝင်ကစားခဲ့ခြင်းမရှိပေမယ့် အခုပွဲမှာတော့ ပွဲချိန်ပြည့် ပါဝင်ကစားသွားခဲ့တာပါ။
ဒီပွဲမှာ ပေါ်တူဂီအတွက် အဖွင့်ဂိုးကို ယာအိုဖီးလစ်က သွင်းယူပေးခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ရော်နယ်ဒိုက ပေါ်တူဂီအတွက် နှစ်ဂိုးဆက်တိုက် သွင်းယူပေးပြီး ခြေစွမ်းပြခဲ့တာဖြစ်ပါတယ်။ ဒီဂိုးတွေကြောင့်လည်း ရော်နယ်ဒိုအနေနဲ့ ပေါ်တူဂီကစားသမားဘဝ သွင်းဂိုး (၁၂၀) ပြည့်မြောက်သွားခဲ့ပါပြီ။
ပေါ်တူဂီဟာ နောက်ပွဲအနေနဲ့ ယူရိုအုပ်စုအဖွင့်ပွဲကို စတင်ကစားရတော့မှာပါ။ ဇွန်လ (၁၉) ရက်နေ့မှာ ချက်နဲ့ ကစားရမှာဖြစ်ပြီး ဇွန်လ (၂၂) ရက်နေ့မှာ တူရကီ၊ ဇွန်လ (၂၇) ရက်နေ့မှာ ဂျော်ဂျီယာတို့နဲ့ ကစားရမှာလည်း ဖြစ်ပါတယ်။