တစ်ခုပြီးတစ်ခု ပြဿနာပေါ်နေတာပါ။

ဂျာမနီနည်းပြ နာဂယ်လ်စမန်းနဲ့ ပတ်သက်လို့ ကစားသမားတွေအကြား မကျေနပ်မှုတွေ ကြီးထွားနေတယ်လို့ သတင်းတွေက ဖော်ပြလာပါတယ်။ ဂျာမနီဟာ ဒီရက်ပိုင်းမှာမှ လူမျိုးရေးခွဲခြားတဲ့ စစ်တမ်းတစ်ခုကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။



ဒါနဲ့ပတ်သက်လို့ နာဂယ်လ်စမန်း၊ ကင်မစ်ချ်နဲ့ အသင်းခေါင်းဆောင် ဂွန်ဒိုဂန်တို့က ဆန့်ကျင်ထားပါတယ်။ တစ်ဖက်မှာလည်း ကစားသမားတွေဟာ နာဂယ်လ်စမန်းနဲ့ ပတ်သက်လို့ အသင်းတွင်း မကျေနပ်ချက်တွေ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။

ဂျာမနီနည်းပြ နာဂယ်လ်စမန်းဟာ ကစားသမားတွေကို မကြာခဏ လူသိရှင်ကြား ဝေဖန်နေတာကြောင့် ဒီအပေါ်မှာ အဝတ်လဲခန်းအတွင်း မကျေနပ်ချက်တွေ ကြီးထွားနေတယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။ နာဂယ်လ်စမန်းဟာ အရည်အသွေးမြင့်မားတဲ့ နည်းပြတစ်ယောက်ပါ။

ဒါပေမယ့်လည်း လက်ရွေးစင်အသင်းအဆင့်ကို ကိုင်တွယ်ဖို့အတွက် သူ့မှာ လိုအပ်ချက်တွေ အများအပြားရှိနေတယ်လို့ ကစားသမားတွေက ယူဆထားပါတယ်။ နာဂယ်လ်စမန်းဟာ နည်းဗျူဟာနဲ့ပတ်သက်လို့ အတွေ့အကြုံလွန်ကဲမှု၊ ပြဿနာတွေကို တစ်စုတစ်စည်းတည်း ဖြေရှင်းဖို့ ကြိုးစားမှုတွေ​ရှိနေတာပါ။

ဒီအပေါ်မှာ ကစားသမားတွေက မကျေနပ်ဘဲ အထူးသဖြင့် ပြီးခဲ့တဲ့နှစ်က သြစတြီးယားကို ၂-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲက ကစားသမားတွေရဲ့ ခံစစ်ကစားပုံကို ဝေဖန်ထားတာက အခုချိန်အထိ အသင်းတွင်းမှာ အကြိတ်အခဲဖြစ်နေတာပါ။ ယူရိုပြိုင်ပွဲ စတင်ဖို့က တစ်ပတ်ကျော်သာ လိုတော့ချိန်မှာ ဂျာမနီအသင်းတွင်း ပြဿနာတွေ တစ်ခုပြီးတစ်ခု ပေါ်ပေါက်နေတာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က