နောက်ကျောဒဏ်ရာရှိနေတာပါ။

ပြင်သစ်လက်ရွေးစင်အသင်းခေါင်းဆောင် အမ်ဘာပေဟာ စနေနေ့က ပြုလုပ်ခဲ့တဲ့ အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်ကို လွဲချော်ခဲ့ကြောင်း သိရှိရပါတယ်။ အမ်ဘာပေဟာ ကနေဒါကို အနိုင်ရတဲ့ပွဲမှာ နောက်ကျော ဒဏ်ရာရရှိခဲ့တာပါ။



ဒီလိုမျိုး အမ်ဘာပေ လေ့ကျင့်ခန်းအစီအစဉ် လွဲချော်တာနဲ့ ပတ်သက်လို့ အသေးစိတ်အကြောင်းရင်းကို ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။ အချို့ကတော့ အမ်ဘာပေဟာ ကနေဒါနဲ့ပွဲမှာ ကြွက်သားဒဏ်ရာရရှိခဲ့တယ်လို့လည်း ဆိုကြပါတယ်။

ဒါပေမယ့် ပြင်သစ်သတင်းဌာနရဲ့ ဖော်ပြချက်အရတော့ အမ်ဘာပေဟာ အသေးစား နောက်ကျော ဒဏ်ရာပြဿနာရှိနေတယ်လို့ သိရှိရပါတယ်။ ဒီဒဏ်ရာက လုံးဝကို စိုးရိမ်စရာမရှိဘဲ သြစတြီးယားနဲ့ ယူရိုအုပ်စုအဖွင့်ပွဲမှာ သေချာပေါက် ကစားနိုင်မယ်လို့ ဖော်ပြခဲ့ပါတယ်။

အမ်ဘာပေဟာ ကနေဒါနဲ့ပွဲမတိုင်ခင်ကတည်းက ဒီဒဏ်ရာပြဿနာကို ရင်ဆိုင်နေရတာပါ။ လူဇင်ဘတ်နဲ့ပွဲမှာတော့ အမ်ဘာပေက ဝင်ကစားခဲ့ပြီး ပြင်သစ်အတွက် ခြေစွမ်းပြခဲ့ပါတယ်။

အမ်ဘာပေဟာ အဆိုပါပွဲမှာ ပြင်သစ်အတွက် နှစ်ဂိုးသွင်း၊​ တစ်ဂိုးဖန်တီးကာ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ပြင်သစ်အသင်းခေါင်းဆောင်ဟာ လာမယ့်ရာသီသစ်မှာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ကစားမယ့် ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က