ဆောက်ဂိတ်ကို အပြောင်းအလဲလုပ်ဖို့ ပြောခဲ့တာပါ။

စပိန်နဲ့ အင်္ဂလန်တို့ရဲ့ ယူရိုဖိုင်နယ်ပွဲစဉ်အတွင်း အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကို ဘယ်လင်ဟမ် တစ်ယောက် စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ပြီး မလေးမစား ပြုမူခဲ့တယ်လို့ ပရိသတ်တွေက ဝေဖန်နေကြပါတယ်။ ဒီပွဲမှာ စပိန်က ၂-၁ ဂိုးနဲ့ အနိုင်ရဗိုလ်စွဲခဲ့တာပါ။



ဒုတိယပိုင်းမှာ ဘယ်လင်ဟမ်က ကွင်းဘေးစည်းနားမှာ ဆောက်ဂိတ်ကို အပြောင်းအလဲတစ်ခုခုလုပ်ဖို့ ပြောခဲ့တယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။ ESPN သတင်းထောက် မတ်ခ်အိုဒန်က “စပိန်နဲ့ပွဲမှာ ဘယ်လင်ဟမ်က စိတ်ပျက်နေခဲ့တာပါ။ ဒါတွေက ရုပ်သံကင်မရာတွေမှာ ပါ၊ မပါ မသိပါဘူး”

“ဒါပေမယ့် ဟယ်ရီကိန်းကို လူစားမလဲခင် ဘယ်လင်ဟမ်က ဆောက်ဂိတ်ကို တစ်ခုခု အပြောင်းအလဲလုပ်တော့ဆိုပြီး ပြောနေခဲ့တာပါ။ ပြီးလည်း ပြီးရော၊ ဆောက်ဂိတ်က ဟယ်ရီကိန်းကို လူစားလဲလိုက်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ပွဲအပြီးမှာလည်း ဘယ်လင်ဟမ်က ကွင်းဘေးစည်းမှာ အရာဝတ္တုတွေကို ကန်ကျောက်ခဲ့ပြီး ဒေါသပေါက်ကွဲခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ပွဲအပြီး မီဒီယာတွေနဲ့ တွေ့ဆုံရာမှာတော့ သူနဲ့ ဆောက်ဂိတ်အကြား ဘာပြဿနာမှ မရှိကြောင်း ဘယ်လင်ဟမ်က ဖြေရှင်းခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က