ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းသွားခဲ့ပါပြီ။

ယူရိုပါလိဂ် ၁၆ သင်းအဆင့်မှာ ဝက်စ်ဟမ်းအသင်းဟာ ယူရိုပါလိဂ်ရဲ့ ဘုရင်လို့ တင်စားခံထားရတဲ့ ဆီဗီလာကို အိမ်ကွင်းမှာ အချိန်ပိုကစားကာ အနိုင်ယူပြီး ကွတားဖိုင်နယ်ကို တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။ ပထမအကျော့က စပိန်မြေမှာ အရေးနိမ့်ထားခဲ့တဲ့ ဝက်စ်ဟမ်းဟာ အိမ်ကွင်းမှာ ၂-၀ နဲ့ ပြန်လညအနိုင်ရရှိခဲ့တာဖြစ်ပြီး သူတို့အသင်းအတွက် သမိုင်းဝင်ညတညကို ဖန်တီးနိုင်ခဲ့ပြီဖြစ်ပါတယ်။

ယူကရိန်းကစားသမားယာမိုလန်ကိုက ဝက်စ်ဟမ်းအတွက် အဖိုးတန်အနိုင်ဂိုးကို အချိန်ပို ၁၁၂ မိနစ်မှာ သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ ဆူဆက်က ပထမပိုင်း ၃၉ မိနစ်မှာ ဦးဆောင်ဂိုးသွင်းခဲ့ပြီး မိနစ် ၉၀ ပြည့်ချိန်မှာ ၁-၀ ဖြစ်နေလို့ နှစ်ကျော့ပေါင်း ၁-၁ ဖြစ်ကာ အချိန်ပိုဆက်ကစားခဲ့ရပြီး ဆီဗီလာတို့ စောစောစီးစီးပဲ လှည့်ပြန်သွားခဲ့ရပြီဖြစ်ပါတယ်။ 

ယာမိုလန်ကိုကတော့ ပြီးခဲ့တဲ့ပရိးမီးယားလိဂ်ပွဲစဉ်မှာလည်း ဝက်စ်ဟမ်းအတွက် အနိုင်ဂိုးသွင်းယူခဲ့သူဖြစ်ကာ မိခင်တိုင်းပြည်အခက်တွေ့နေချိန် သူက ကွင်းအတွင်းမှာ ခြေစွမ်းပြနေခဲ့ပြီး အားလုံးကို ယူကရိန်းအရေးပိုပြီးမမေ့လျော့အောင် သတိပေးသလိုဖြစ်နေခဲ့ပါတယ်။ ဗီလာနဲ့ပွဲမှာ အနိုင်ဂိုးသွင်းယူပြီးနောက် ယာမိုလန်ကိုက ကွင်းအတွင်းမှာ ငိုကြွေးနေခဲ့ပြီး အောင်ပွဲခံခဲ့ပါတယ်။ 

ယူရိုပါလိဂ်ဖလားကို အကြိမ်အများဆုံးဆွတ်ခူးထားကာ ပြိုင်ဘက်ကင်းအသင်းအဖြစ် ရပ်တည်နေခ​ဲ့တဲ့ ဆီဗီလာတို့ ဒေးဗစ်မိုယက်စ်ရဲ့အသင်းနဲ့အတွေ့မှာ နောက်ကောက်ချခံလိုက်ရပါတယ်။ လန်ဒန်ကလပ်က အိမ်ကွင်းမှာ လုံး၀အခွင့်အရေးမပေးရအောင် ကစားသွားခဲ့ပြီး သူတို့အလိုရှိတဲ့ နိုင်ပွဲကို မရရအောင် ကြိုးစားရယူပြီး ယူရိုပါလိဂ်နောက်ဆုံး ၈ သင်းအဆင့်ကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က