ကားပါကင်ထဲမှာ စောင့်ဆိုင်းပြီး မော်ရင်ဟိုက ပွဲကြမ်းခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ ဆီဗီလာနဲ့ရိုးမားတို့ရဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ အငြင်းပွားစရာ ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့တဲ့ ကွင်းလယ်ဒိုင် အန်သိုနီတေလာကို မော်ရင်ဟိုက ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်ခဲ့ပါတယ်။ ဒီပွဲမှာ သာမန်ပွဲကစားချိန်အတွင်း တစ်ဂိုးစီသရေကျနေတာကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပြီး ဆီဗီလာက အနိုင်ရ ဗိုလ်စွဲခဲ့ပါတယ်။




ပွဲချိန်အတွင်းမှာ အင်္ဂလန်ဒိုင်လူကြီး အန်သိုနီတေလာက အဝါကတ် (၁၃) ကတ်အထိ အသုံးပြုခဲ့ပြီး ဒါက ဥရောပဗိုလ်လုပွဲတွေမှာ စံချိန်သစ်တစ်ခု တင်တဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ပွဲချိန်အတွင်း ပြင်းပြင်းထန်ထန် စောဒကတက်ခဲ့တဲ့ မော်ရင်ဟိုကိုလည်း အန်သိုနီတေလာက ဒီပွဲရဲ့ (၇) ကြိမ်မြောက် အဝါကတ်အဖြစ် ပြသခဲ့ပါတယ်။

အဲ့ဒီအချိန်မှာလည်း မော်ရင်ဟိုက လက် (၇) ချောင်းထောင်ကာ အန်သိုနီတေလာကို လှောင်ပြောင်ခဲ့ပြီး သူ့ရဲ့ ဆုံးဖြတ်ချက်တွေကလည်း ဆီဗီလာကစားသမား လာမယ်လာကို ဒုတိယအဝါကတ်မပြခဲ့တာအပါအဝင် တစ်ပွဲလုံးမှာ အငြင်းပွားစရာ ဆက်တိုက်ရှိခဲ့ပါတယ်။။ အဲ့ဒါကြောင့် မော်ရင်ဟိုက ပွဲအပြီး ကားပါကင်ထဲမှာ အန်သိုနီတေလာက စောင့်ဆိုင်းကာ အခုလိုမျိုး သမုတ်ခဲ့တာပါ။

ဗီဒီယိုမှတ်တမ်းတွေအရ မော်ရင်ဟိုက “အရှက်မရှိတဲ့ဒိုင်၊ အရှက်ကိုမရှိဘူး၊ သောက်တလွဲကောင်” လို့ ပြောဆိုခဲ့ပါတယ်။ အဲ့ဒီနောက်မှာလည်း မော်ရင်ဟိုက ပြန်လှည့်လာပြီး “ဂုဏ်ယူပါတယ်။ မင်းက အရှက်မရှိတဲ့ကောင်ပါ” လို့ ထပ်မံပြောကြားခဲ့ပါတယ်။ မော်ရင်ဟိုဟာ ဒိုင်လူကြီးတွေ လိုက်ပါ စီးနင်းမယ့် ကားမထွက်မချင်း အနီးအနားကို သွားရောက်ကာ ဆဲဆိုခဲ့တာလည်း ဖြစ်ပါတယ်။

မော်ရင်ဟိုတစ်ယောက် ကားပါကင်မှာ ဒိုင်လူကြီးကိုစောင့်ပြီး ရန်တွေ့တာ ဒါပထမဆုံးတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ (၂၀၁၂) ခုနှစ် ရီးရဲလ်မက်ဒရစ်နည်းပြဘဝမှာလည်း စပိန်စူပါဖလားက‌ ထွက်ခဲ့ရပြီး‌နောက် နူးကမ့်ကွင်းထဲမှာ အခုလိုမျိုး ဒိုင်ကို စောင့်ဆိုင်းပြီး စောဒကတက်ခဲ့ဖူးကြောင်းလည်း သိရှိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က