ပုံမှန်ကစားခွင့်လည်း ဆုံးရှုံးနေတာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းကွင်းလယ်လူဒီဂျောင်ဟာ လက်ရှိအသင်းမှာ သူ ရင်ဆိုင်နေရတာတွေအပေါ်မှာ စိတ်ပျက်လက်ပျက်ဖြစ်နေပြီး အသင်းပြောင်းရွှေ့ဖို့ စဉ်းစားနေတယ်ဆိုတဲ့ ကောလဟလသတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ အသက် ၂၅ နှစ်အရွယ် ဟော်လန်ကွင်းလယ်လူဟာ ဒီရာသီမှာ အရန်ကစားသမားအဖြစ်နဲ့သာ ပွဲထွက်ခွင့်ရနေပြီး ပီဒရီနဲ့ ဂါဗီနောက်မှသာ ဦးစားပေးခံနေရပါတယ်။ 

ရာသီအစမှာ သူ့ကို မန်ချက်စတာယူနိုက်တက်က ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ချန်ပီယံလိဂ်ကစားချင်တာကြောင့်လို့ ဒီဂျောင်က အကြောင်းပြချက်ပေးပြီး နူးကမ့်မှာသာ ရှိနေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘာကာမှာ လစာပြသနာတွေ၊ ဆုကြေးငွေခံစားခွင့်တွေနဲ့ပတ်သက်ပြီး ဒီဂျောင်ရင်ဆိုင်ခဲ့ရကာ ပုံမှန်ကစားခွင့်ရဖို့ကိုပါ ကြိုးစားနေခဲ့ရပါတယ်။ 

ပြီးခဲ့တဲ့ အင်တာမီလန်နဲ့ ချန်ပီယံလိဂ်ပွဲမှာလည်း ဒီဂျောင်က လူစားဝင်ကစားသမားအဖြစ်နဲ့သာ ကစားခဲ့ရပါတယ်။ ဒီရာသီ ချန်ပီယံလိဂ်မှာ ဒီဂျောင်က တပွဲတည်းသာ ပွဲချိန်ပြည့်ကစားခဲ့ရပြီး ကျန်ပွဲအားလုံးကို အရန်ခုံကနေသာ ဝင်ကစားခဲ့ရပါတယ်။ လာလီဂါမှာလည်း ၄ ပွဲအထိ အရန်ကစားသမားအဖြစ်နဲ့ ကစားခဲ့ရပြီး စုစုပေါင်း ၇ ပွဲမှာ ၁ ဂိုးသွင်းယူထားပြီး ဖန်တီးပေးနိုင်မှုတော့ တကြိမ်မှမရှိခဲ့တာဖြစ်ပါတယ်။ 

ကမ္ဘာ့ဖလားမတိုင်ခင်မှာ ပွဲအများအပြားကစားခွင့်ကို ဒီဂျောင်ကအလိုရှိနေပေမယ့် လက်ရှိမှတော့ အကန့်အသတ်နဲ့သာ ကစားနေခဲ့ရပါတယ်။ အခုအခါမှာတော့ ဒီဂျောင်က သူ့အနာဂတ်ကို စဉ်းစားလာပြီဖြစ်ကာ ဇန်နဝါရီ ဒါမှမဟုတ် ရာသီကုန်မှာ ဘာကာကနေ ပြောင်းရွှေ့နိုင်တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ 

ဘာကာကလည်း ချန်ပီယံလိဂ်မှာ အခြေအနမကောင်းဘဲ ယူရိုပါလိဂ်ကို ဆင်းကစားရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါက ချန်ပီယံလိဂ်ကစားချင်တာကြောင့် အသင်းမှာဆက်ရှိနေခဲ့တဲ့ ဒီဂျောင်အတွက် စိတ်ပျက်စရာဖြစ်နေမှာတော့ သေချာပါတယ်။ 

Share

Loading Next Article...
က္က