ယူနိုက်တက်ဟာ ဒီရာသီမှာ ယူရိုပါလိဂ်သာဝင်ခွင့်ရရှိခဲ့ပြီး ယူရိုပါလိဂ်အုပ်စုအဆင့်ပွဲစဥ်တွေကို ဒီကနေ့ညမှာ မဲခွဲသွားမှာဖြစ်ပါတယ်။ အဆိုပါအင်္ဂလန်ကလပ်ဟာ (၂၀၂၁) မှာ ယူရိုပါလိဂ်ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပြီး ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။
ဒီတကြိမ်မဲခွဲပွဲအတွက် သတ်မှတ်ချက်တွေမှာ ယူနိုက်တက်က အာဆင်နယ်၊ လာဇီယို၊ ဘရာဂါ၊ ရက်စတားဘဲလ်ဂရိတ်၊ ဒိုင်နမိုကိဗ်၊ အိုလံပီယာကော့စ်၊ ရိုးမားတို့နဲ့အတူ မဲအိုးနံပါတ် (၁) မှာ ထည့်သွင်းခံထားရပါတယ်။ ဒါပေမယ့် ယူနိုက်တက်အနေနဲ့ အုပ်စုအဆင့်မဲခွဲတဲ့အချိန်မှာ အုပ်စုကျပ်ထဲ ကျရောက်နိုင်ဖွယ်ရှိတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်နေကြပါတယ်။
မဲအိုးနံပါတ် (၂) မှာ ချန်ပီယံလိဂ်ခြေစစ်ပွဲအဆင့်က ထွက်ခွာခဲ့ရတဲ့ ပီအက်စ်ဗွီနဲ့အတူ မိုနာကို၊ ဆိုစီဒက်၊ ဖီယင်နုတို့ ပါဝင်နေပါတယ်။ ဒီအသင်းတွေအားလုံးက မဲအိုးနံပါတ် (၃) မှာတော့ ဘက်တစ်၊ မစ်ဂျေးလန်း၊ ဘိုဒိုဂလင့်မ်၊ ယူနီယံဘာလင်၊ ဖရိုင်းဘတ်၊ ဖီနာဘာချီတို့ ရှိနေပါတယ်။
မဲအိုးနံပါတ် (၄) ကတော့ အသင်းငယ်များပြားပြီး ယူနိုက်တက်အနေနဲ့ မဲအိုးနံပါတ် (၂) နဲ့ နံပါတ် (၃) တို့ကနေ ထွက်ပေါ်လာမယ့် ပြိုင်ဘက်တွေကို ဂရုစိုက်ဖို့ လိုအပ်နေပါတယ်။ အထူးသဖြင့် မိုနာကို၊ ဆိုစီဒက်၊ ဘက်တစ်၊ ဖီနာဘာချီတို့က သတိထားရမယ့် အသင်းတွေဖြစ်ပြီး ဂျာမန်အသင်းတွေကတော့ အသင်းကြီးမဟုတ်သည့်တိုင် ဂရုစိုက်ရမယ့်ပြိုင်ဘက်တွေဖြစ်နေပါတယ်။
ဒါပေမယ့်လည်း ယူနိုက်တက်နည်းပြ တန်ဟက်ခ်က ယူရိုပါလိဂ်ကို အာရုံစိုက်ယှဥ်ပြိုင်ခြင်းရှိ၊ မရှိက လက်ရှိအချိန်ထိ အဖြူအမဲသည်းကွဲတဲ့ ကိစ္စမဟုတ်သေးပါဘူး။ ဒါ့အပြင် အာဆင်နယ်ကလည်း ယူနိုက်တက်နည်းတူ သတိထားရမယ့် အနေအထားမှာရှိပါတယ်။ နှစ်သင်းလုံးကတော့ လက်ရှိရာသီပြည်တွင်းအောင်မြင်မှုအတွက်ကိုသာ အာရုံစိုက်ဖွယ်ရှိပြီး တန်ဟက်ခ်အနေနဲ့တော့ ဘာကိုရွေးချယ်မယ်ဆိုတာ ယူရိုပါလိဂ်အုပ်စုအဆင့်ပွဲစဥ်တွေ စတင်မှသာ သိရှိနိုင်မှာပါ။