ရော်နယ်ဒိုတယောက် ချန်ပီယံလိဂ်လည်းလွဲ၊ ပိုက်ပိုက်လည်းလွဲမယ့် အန္တရာယ်ရှိနေတာပါ။

ယူနိုက်တက် တိုက်စစ်မှူး ရော်နယ်ဒိုအနေနဲ့ လာမယ့် ဘောလုံးရာသီအတွက် ယူနိုက်တက်သာ ချန်ပီယံလိဂ်ဝင်ခွင့်မရရှိခဲ့ရင် လာမယ့်ရာသီမှာ လစာ (၂၅) ရာခိုင်နှုန်း ဖြတ်တောက်ခံရမယ်လို့ သိရှိရပါတယ်။ အဆိုပါ ပေါ်တူဂီ လက်ရွေးစင် အသင်းခေါင်းဆောင်ဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ ပြီးဆုံးဖို့ ရက်ပိုင်းအလိုမှ အိုးထရက်ဖို့ဒ်ကို အံ့အားသင့်ဖွယ် ပြန်လည် ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။



လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် (၇) နေရာက ယူနိုက်တက်ဟာ အဆင့် (၄) နေရာက ဝက်စ်ဟမ်းနဲ့ (၂) မှတ်ကွာဟနေပြီး အခြားသော စပါး၊ အာဆင်နယ်တို့ကလည်း ပွဲကျန်တွေကျန်ရှိနေကာ ချန်ပီယံလိဂ်ဝင်ခွင့် တနေရာအတွက် အပြိုင်အဆိုင်ဖြစ်နေကြပါတယ်။

The Athletic ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်သာ လာမယ့်ရာသီအတွက် ချန်ပီယံလိဂ်ဝင်ခွင့်မရရှိခဲ့ရင် မေလကုန်ကစလို့ ရော်နယ်ဒိုတယောက် လစာအလျှော့ခံရမယ်လို့ သိရပါတယ်။ လက်ရှိ ရော်နယ်ဒိုရဲ့ တပတ်လုပ်ခက ပေါင် (၃၈၅,၀၀၀) ဖြစ်ပြီး လစာသာ အဖြတ်ခံရမယ်ဆိုရင်တော့ ပေါင် (၂၈၈,၀၀၀) သာရရှိတော့မှာဖြစ်ပါတယ်။

ဒီလစာငွေပမာဏဟာ နောက်ပိုင်းနှစ်တွေမှာ ရော်နယ်ဒိုအတွက် အနည်းဆုံး လစာငွေပမာဏ ဖြစ်လာနိုင်ပါတယ်။ ရော်နယ်ဒိုဟာ ဂျူဗင်တပ်စ်မှာတုန်းက တပတ်လုပ်ခ ပေါင် (၅) သိန်းအထိ ရရှိခဲ့တဲ့ ကစားသမားဖြစ်ပြီး ယူနိုက်တက်ကို ရောက်ရှိလာချိန်မှာတော့ လစာလျှော့ယူဖို့ သဘောတူညီခဲ့တာဖြစ်ပါတယ်။

လက်ရှိ ဘောလုံးရာသီ ချန်ပီယံလိဂ်မှာ ရော်နယ်ဒိုက ယူနိုက်တက်အတွက် သူ ပါဝင်ကစားပေးခဲ့တဲ့ အုပ်စု ပွဲ (၅) ပွဲလုံးမှာ ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်မရရင်တော့ ယူနိုက်တက်ကို ပြန်လည်စွန့်ခွာသွားဖို့ သေချာသလောက်ရှိနေပါတယ်။ 

Share

Loading Next Article...
က္က