ပလေးအော့အဆင့်မှာ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ယူရိုပါလိဂ် ၃၂ အသင်းအဆင့်မှာ မန်ချက်စတယူနိုက်တက်နဲ့ ဘာစီလိုနာတို့ တည့်တည့်တိုးခဲ့ကြပါတယ်။ ချန်ပီယံလိဂ်အုပ်စုအဆင့်က ပြုတ်လာတဲ့အသင်းတွေနဲ့ ယူရိုပါလိဂ်အုပ်စုဒုတိယရအသင်းတွေ ရင်ဆိုင်ရမယ့် အဆင့်မှာတော့ ပရိသတ်တွေအားလုံးထင်မြင်ခဲ့ကြတဲ့အတိုင်း ဘာစီလိုနာနဲ့ ယူနိုက်တက်တို့ ရင်ဆိုင်ခဲ့ကြရပြီး ပွဲကြီးပွဲကောင်းတပွဲကို မြင်တွေ့ရမှာဖြစ်ပါတယ်။ 

ဒီလိုတွေ့ဆုံခဲ့အပြီးမှာ ဘာကာနည်းပြဇာဗီက ပြိုင်ဘက်အသင်းတိုက်စစ်မှူးရော်နယ်ဒိုကို ချီးကျူးခဲ့ပြိး မတူကွဲပြားတာတွေကို လုပ်ပြနိုင်စွမ်းရှိသေးတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုကတော့ ယူနိုက်တက်မှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရပြီး လက်ရှိအချိန်ထိ သွင်းဂိုး ၅ ဂိုးတောင် မရရှိသေးဘဲ သွင်းဂိုး ၁ ဂိုးရဖို့အတွက် တော်ာတော်လေးကို အခက်တွေ့နေသူဖြစ်ပါတယ်။ 

ဇာဗီက "ရော်နယ်ဒိုက ကစားသမားကောင်းတဦးပါ၊ ဒီဘက်အချိန်တွေမှာ သူက ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တဦးဖြစ်ပြီး အခုချိန်ထိလည်း မတူညီတာတွေကို လုပ်ပြနိုင်ပါသေးတယ်" လို့ ပြောဆိုခဲ့ပါတယ်။ ရော်နယ်ဒိုကတော့ သူ့ကစားသမားဘ၀မှာ ဘာစီလိုနာနဲ့ မကြာခဏရင်ဆိုင်ခဲ့ဖူးသူဖြစ်ပြီး ယူနိုက်တက်ကစားသမားဘ၀မှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာပါ ရင်ဆိုင်ကစားခဲ့သူဖြစ်ပါတယ်။ 

ယူနိုက်တက်နဲ့ရင်ဆိုင်ရမယ့်အပ​ေါ်မှာလည်း ဇာဗီက "ကျနော်တို့ အကောင်းဆုံးကစားသွားရမှာပါ၊ ယူနိုက်တက်လို အသင်းကို မန်ချက်စတာမှာ သွားရင်ဆိုင်ရမှာက မလွယ်ပါဘူး၊ သူတို့က အစဉ်အလာကြီးမားပြီး တန်ဟက်ဂျ်လက်အောက်မှာ ကစားသမားကောင်းတွေနဲ့အတူ တိုးတက်မှုတွေရှိလာပါပြီ၊ ကြီးမားတဲ့စိန်ခေါ်မှုဖြစ်ပြီး ကစားသမားတွေအတွက်လည်း ဒါက ခက်ခဲပြီး အကောင်းဆုံးစိန်ခေါ်မှုဖြစ်လာမှာပါ" လို့ ပြောဆိုခဲ့ပါတယ်။ 

ဘာစီလိုနာနဲ့ ယူနိုက်တက်တို့ဟာ ယူရိုပါလိဂ်မှာ ပထမဆုံးအကြိမ်ရင်ဆိုင်ရမှာလည်းဖြစ်ပါတယ်။ ချန်ပီယံလိဂ်မှာတော့ မကြာခဏရင်ဆိုင်ခဲ့ရဖူးပြီး ဘာစီလိုနာက ထိပ်တိုက်တွေ့ဆုံမှုအရ အနည်းငယ်အသာစီးရရှိထားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က